"မင်္ဂလာပါ ကောင်းဆက် ငါ့ကိုလည်း မင်းထက်လို့ပဲခေါ်ပါ မင်းအဆင်ပြေမယ်ဆိုရင်ပေါ့ "
"ဒါဆို ငါတို့သူငယ်ချင်းဖြစ်သွားပြီနော် မင်းထက် "
"အွန်း ငါတို့သူငယ်ချင်းဖြစ်သွားပြီ "
"ခဏနေ Braketime ရောက်ရင် Canteen သွားမယ်နော် မင်းထက် ငါနဲ့အတူတူ လိုက်မယ်မဟုတ်လား "
"လိုက်မှာပေါ့ ကောင်းဆက်ရယ် "
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
At Canteen
" မင်းထက် လာတန်းစီရအောင် ငါ့ရှေ့မှာမင်းနေလိုက် "
"အွန်း .."
"ဟာ..မင်းထက်သတိထား !!!!!"
ပြောလို့မှမဆုံးလိုက်မင်းထက်ကို လူတစ်ယောက်တိုက်မိသွားတယ်
"ဘုတ်..အင့်..!!"
" မင်းထက် ရရဲ့လား ဘာဖြစ်သွားသေးလဲ "
"ရပါတယ် ..ငါ့ကိုထူပေးပါလား ကောင်းဆက် "
ုကျွန်တော်ထူပေးလိုက်ပြီး မင်းထက်ကိုတိုက်လိုက်တဲ့လူကိုကြည့်လိုက်တော့
"ဟင်.. ထက်အာကာဟိန်း !!!မင်းဘယ်လိုလုပ်လိုက်တာလဲ ဟမ်.. လာ...လိုက်ခဲ့..."
ကျွန်တော်စိတ်တိုတိုနဲ့ အာကာရဲ့လက်ကိုဆောင့်ဆွဲလာပြီး မင်းထက်နဲ့ဝေးတဲ့နေရာကို ခေါ်သွားလိုက်တယ်..
"မင်းဘယ်လိုလုပ်လိုက်တာလဲ အာကာ.."
"ကိုယ်ဘာလုပ်လိုက်လဲဆိုတာ မမြင်လိုက်ဘူးလား..စိုင်း..ပြန်လုပ်ပြရမှာလား...."
အာကာ စိုင်းမျက်နှာနားကို ကပ်ပြီးပြောလိုက်တော့
"မ..မဟုတ်ဘူး..အာကာ...မ...မလုပ်ပါနဲ့...."
"ကိုယ်ပြောထားတယ်နော်..စိုင်း..ကိုယ်ကလွဲပြီး တခြားဘယ်သူနဲ့မှ တွဲသွားတွဲလာမလုပ်ပါနဲ့လို့.."
"ဒါပေမဲ့ ငါက မင်းပြောသလိုမှမလုပ်နိုင်တာ..မင်း
အတ္တအရမ်းကြီးတယ် အာကာ...ငါနဲ့မင်းနဲ့ကဘာမှမဆိုင်တဲ့လူတွေလေ...မင်းငါ့ကိုအဲ့လိုအမြဲလုပ်နေမယ်ဆိုရင်..ငါ..ငါ..သေသွားလိမ့်မယ်...အာကာရယ်....
မင်းထက်ကိုမင်းတစ်ခုခုလုပ်တဲ့နေ့ ငါ့ကိုငါသတ်သေတဲ့နေ့ပဲ...မင်းသွားတော့ အာကာ...."
Part 1
Start from the beginning
