မမျှော်လင့်ခြင်းနဲ့ စတင်တဲ့ ပြီးပြည့်စုံမှုတစ်ခုကို အဲ့ဒီရက်တစ်ရက်မှာ တွေ့ရှိလာခဲ့ရလိမ့်မယ်လို့
တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး ... Min
'နောင်တ'ဆိုတာကို သေမလောက် ကြောက်တတ်တဲ့ ကျွန်တော်ဟာ နောက်ဆုံးမှာ နောင်တတွေနဲ့ ဇာတ်သိမ်းရမယ်လို့ ထင်မှတ်မထားခဲ့မိတာတော့ အမှန်ပဲ ...
အထီးကျန်ခြင်းဆိုတာတွေက .. Min နဲ့ မတွေ့ဆုံခင်ကလား? တွေ့ပြီးနောက်မှလား ?
အဲ့ဒီနေ့လေးတစ်နေ့မှာပေါ့ ...
လုပ်အားပေးအနေနဲ့ မြို့ပြင်က ဂေဟာတစ်ခုဆီကို ကျွန်တော် ရောက်ရှိခဲ့တယ် ...
ဂေဟာရဲ့ တစ်နေရာရာကနေ ထွက်ပေါ်လာတဲ့ စန္ဒယားသံလေးက လှပလိုက်လေခြင်း ...
လှန်းလက်စ အခင်းတွေကို ကြိုးတန်းပေါ် ဒီအတိုင်း ပစ်ထားခဲ့လိုက်ပြီး အဲ့ဒီ သံစဉ်လေးရှိရာနောက်ကို လိုက်ခဲ့မိတယ် ..
နောက်ဆုံး Hall တစ်ခုထဲ ရောက်ရှိလို့သွားတယ်။ အဲ့ဒီမှာ ပျော်ရွှင်မှု ၊ စိတ်လှုပ်ရှားမှု အစရှိတဲ့ ခံစားချက်တွေကို တီးလုံးသံလေးတွေအဖြစ် ပုံဖော်တီးခတ်နေတဲ့ လက်ချောင်းကလေးတွေရဲ့ပိုင်ရှင်ဟာ
လောကကြီးမှာ ရှိသမျှ လှပတဲ့ အရာအားလုံးတွေထက် အရောင်အဝါ တောက်ပနေခဲ့တယ် ...
အဝါနုရောင်ရှပ်လက်ရှည်ကို တံတောင်အထိ ခေါက်တင်ထားတယ် ။ ပြီးတော့ ပြတင်းပေါက်က ဝင်လာတဲ့ နေရောင်ခြည်က ပြုံးနေတဲ့ မျက်နှာနုနုပေါ် မဆိုစလောက်လေး ဖြာကျနေသေးတယ် ..
ကျွန်တော် ထိုကောင်လေးကို ငေးကြည့်နေရင်း
ကိုယ်တိုင်တောင် မသိလိုက်ပဲ နှစ်ခြိုက်စွာနဲ့ ပြုံးရယ်နေမိလေတယ် ။
သီချင်းပြီးဆုံးလို့သွားတော့ လူအုပ်ဖက် လှည့်ကြည့်လာတဲ့ အဲ့ဒီကောင်လေးနဲ့ .. လက်ခုပ်တီးနေတဲ့ ကျွန်တော် မျက်ဝန်းချင်း ဆုံမိတယ် ..
လက်ခုပ်သံတွေကြောင့် မျက်လုံးလေးတွေ ပိတ်သွားတဲ့အထိ ရယ်မောနေတဲ့ ကောင်လေးဟာ .. ကျွန်တော်နဲ့ အကြည့်ချင်းဆုံတော့ ပါးစပ်အဟောင်းသားနဲ့ ငေးခနဲ ဖြစ်သွားလေတယ်။
အဲ့ဒီအကြည့်၊ အဲ့ဒီပုံစံဟာ ကျွန်တော့်ရဲ့ သက်တမ်းတစ်လျှောက်လုံး လစ်ဟာနေခဲ့တဲ့ ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးလိုက်သလို ခံစားမှုမျိုး ပေးခဲ့လေတယ် ။
ကျွန်တော်ရှာဖွေနေတဲ့ အဖြေ ဖြစ်နေမလား
.. Min ?
ကျေးဇူးပြုပြီး ကျွန်တော့်အတွက် အဲ့ဒီလို ဖြစ်တည်မှုတစ်ခု ဖြစ်နေပေးပါ ။
* * * * *
ညတိုင်း မက်နေတဲ့ အိမ်မက်ဆိုးတွေနဲ့ ဆန့်ကျင်စွာ အဲ့ဒီနေ့ညက အိမ်မက်တွေဟာ လှပနေခဲ့တယ် ..
အိမ်မက်ထဲက လခြမ်းပုံသဏ္ဍာန် မျက်ဝန်းလှလှလေးတွေနဲ့ အပြိုင်ပေါ့ ...
နောက်တစ်ခါ ထပ်တွေ့ချင်သေးတယ် .. Min
* * * * *
YOU ARE READING
SILENCE [KOOKMIN]
Fanfictionသူ ... အရူးတစ်ယောက်သက်သက် သူ ✔Sequel to 'MUTE' ✔extremely short chapters contain ! 🟣 Sorry guys, I'm on hiatus !!!
![SILENCE [KOOKMIN]](https://img.wattpad.com/cover/165482198-64-k460440.jpg)