Episode 14 ( Extra )

Start from the beginning
                                    

'နင်သောက်လာတာလား?'

'junior တွေနဲ့ နည်းနည်းပါ'

'နင်ဦးနှောက်မှကောင်းသေးရဲ့လား Park ChanYeol။ due date ကိုမသိတာလဲမဟုတ်။ ဒီနေ့ ဒီချိန် ခွဲမယ်ဆိုတာ သိသိကြီးနဲ့ နင်ဘာအချိုးချိုး လိုက်တာလဲ'

'လေသံလျှော့ပါဗျာ omma ကလဲ။ junior တွေက မတွေ့တာကြာပြီ ဆိုပြီး အတင်းဆွဲခေါ်လို့ ပါသွားတာပါ'

'သူတို့ခေါ်တိုင်းနင်ပါရမှာလား?! BaekHyun ဘယ်လောက် ဒေါသထွက်သွားလဲ နင်သိလား! ဆေးစမ်းတော့လဲ ထိုးလိုက်ရတဲ့ဆေးတွေ… နင့်ကို တစ်ဖက်ကလဲ သူ့မှာ ဖုန်းတွေ တောက်လျှောက်ဆက် နေရှာတာ။ ဖုန်းတောင်ပေါက်ခွဲ ပစ်လိုက်တာ နင်သိလား!'

'ဟမ်? BaekHyun က? ဖုန်းကို? ပေါက်ခွဲ ပစ်တယ်'

'အေး။ သူ့မှာ နင့်ကိုဒေါသတွေ ထွက်ပြီး သွေးတွေ တိုးနေလို့ မေ့ဆေးပေးမရပဲ ငါတို့မှာ အတင်းစိတ်အေး အောင်လုပ်လိုက်ရတယ် အကောင်ရဲ့!'

'သွားပါပြီကွာ'

စိတ်ပျက်စွာ ဆံပင်တွေကို ဆွဲဖွလိုက်ပြီး ဘယ်နှစ်ကြိမ် မြောက်မှန်းမသိသည့် သက်ပြင်းကို ချလိုက်မိပြန်သည်။

'ဒါနဲ့ noona ကိုလဲမတွေ့ပါလား?'

'ဆေးရုံခန်းထဲမှာ အခန်းကို အလုပ်သမားတွေ နဲ့ သန့်ရှင်း ရေးလုပ်နေတယ်။ BaekHyun က သုံးခါမြောက် ခွဲတာဆိုတော့ အနာကျက်ဖို့ ကြာမယ်ပြောတယ်။ ဆေးရုံမှာလဲ ရက်ကြာကြာ နေရမယ့် ပုံပဲ။ ပြီးတော့ ခွဲထားတဲ့ ဒဏ်ရာက ကြီးလို့ရက်တော်တော် လောက်လဲ သူနာနေမှာ။ အဲ့တာကြောင့် မင်းအစ်မက သက်သောင့် သက်သာ ဖြစ်အောင် ကုတင်တွေရော အခင်းတွေရော သူကိုယ်တိုင် လုပ်နေတယ်'

အကုန်လုံး အသီးသီး တာဝန်ယူလုပ်ကိုင်နေကြ ပေမယ့် တာဝန်အရှိဆုံး သူဖြစ်တဲ့ သူကိုယ်တိုင်က ဘာမှကို ဝင်မလုပ်လိုက်ရပေ။

အခုလောလောဆယ်တော့ BaekHyun နဲ့ ကလေး အဆင်ပြေပါစေလို့ ဆုတောင်းရုံကလွဲပြီး သူလုပ်နိုင်တာ ဘာမှမရှိ။

* ဖြူစင်သောချစ်သူ *

အချိန်တော်ကြာ ခွဲခန်းရှေ့စောင့်အပြီး ဆရာဝန်တစ်ယောက် အနှီးလေးဖြင့် ထုပ်ထားသော ကလေးလေးကို ချီကာ ထွက်လာသည်။

ဖြူစင်သောချစ်သူWhere stories live. Discover now