"သား ချစ်ကြည်ရေးခရီး လိုက်ရမယ်တဲ့ အစစ အရာရာ သတိထားနော် ညနေသွားမယ်ပြောတာပဲ သွားမေးချေဦး သွား"
ဖျင်ကြမ်းစလေးဖြင့် ထုပ်ထားသော အကျႌထုပ်လေးကို ကမ်းနေသော အမေ့လက်မှာ တုံချိချိ။အရည်ကြည့်တို့လဲ့နေသော အမေ့မျက်ဝန်းနှင့်စကားတစ်လုံးပြောဖို့ အရေး တံတွေးမျိုတချချလုပ်နေသည့် အမေပုံမှာ စိတ်ပူလွန်းနေမှန်းသိသာပါသည်။
အသက်အတွက် အာမ မခံ နိုင်သော ခရီးစဉ်မျိုးပင်။အကြောင်းမဲ့တော့ အလျင်စလို ခရီးမစပါ။မည်သည့်အကြာင်းအရာကြောင့်မှန်း မသိသော ချစ်ကြည်ရေး ခေါ် အသံတိတ်တိုက်ပွဲ နောက်တွင် စိန်ခေါ်မှု တစ်ခုမဟုတ် တစ်ခုတော့ ရှိလာနိုင်သေးသည်။သူကိုယ်တိုင်တောင် ရင်တမမ ဖြစ်နေရသည် ကြောင့် မိဘဖြစ်သူ၏ သောက အား မမြင်နိုင်စရာ အကြောင်းမရှိ။
"ဂိုဆို က နှစ်ညအိပ်လောက်မှရောက်မှာ သား လမ်းမှာ အရမ်းအေးတယ် လက်မောင်းကို ဂရုစိုက် ဆေးထည့်ပေးလိုက်တယ် အားတဲ့အခါ ဆေးသိပ်ချေဦးသား"
"အဖေ့ကို ဆေးထောင်းကူရင်း စိတ်ချချ စောင့်နေအမေ ကျွန်တော်က ပြန်လာမှာ စိတ်မပူနဲ့"
ဂျုံးဂု သူ့အမေ၏ပုခုံးကို ခပ်တင်းတင်းကိုင်ကာ တည်ကြည်သော မျက်ဝန်းများဖြင့် ကတိဆိုသည်။အမေတစ်ယောက်အနေနဲ့ ဒီမျက်ဝန်းတွေကို သိပ်သိတာပေါ့။သူ့သား သူ့ကို ဘယ်တော့မှ မညာဘူးဆိုတာ။
မြင်းဇောင်း၌ လူများ အစုလိုက် အစုလိုက်ဖြစ်နေလို့ ဂျုံးဂု သူ့မြင်းကို ရှာဖို့ရာ အခက်တွေ့နေသည်။မတတ်နိုင် ပြင်စရာရှိတာ ပြင်ရဦးမှာမို့ တိုးကြိတ်ဝင်ရပေဦးမည်။
"ဒီကောင်ကြီးပဲ စီးချင်တာ"
လူကြားထဲ တိုးနေရင်းပင် ကြားလိုက်ရသည့် အရှင့်အသံ ဆူပုတ်ပုတ်လေးကြောင့် ပြုံးမိသွားသည်။ဘာတွေ အလိုမကျဖြစ်နေသည် မသိ။
အဖြူနှင့် အညိုဆက်ထားသော မြင်းကြီးကိုညွှန်နေခြင်းဖြစ်သည်။တစ်ကြိမ်ပဲ လေ့ကျင့်ရသေးတာကြောင့် အန္တရာယ်ရှိကြောင်း၊အမောမခံနိုင်သေးကြောင်း ပြောပြလည်းမရ။နှုတ်ခမ်းကပင် ဆူချင်ချင် ဖြစ်နေသေးသည်။
YOU ARE READING
Catch My Breath /vkook/
Historical FictionNo matter how much we love. There is always a time to say goodbye. Taekook fanfic by Judy