.2.

567 83 33
                                    

"ချစ်ကြည်ရေးသွားကြမှာဆို"

"အိမ်ရှေ့စံကိုယ်တိုင်သွားမှာလား"

"ချစ်ကြည်ရေးဆိုတာ မင်းသမီးကို သွားတောင်းမှာများလား"

"ဟာ မဖြစ်နိုင်တာ..တကယ်သာ လက်ဆက် မယ်ဆို မင်းသမီးကို လာပို့မှာပေါ့"

"တကယ်သာဆို အိမ်ရှေ့စံကို နှမြောလိုက်တာ"

"သူမရှိလို့မရဘူး"

အေးစက်စက်ဆောင်းရာသီ၌ ဂျုံးဂု၏ လက်မောင်း ဒဏ်ရာမှာ ရင်းသထက်ရင်းလာသည်။မည်မျှပင် ယောကျ်ားအရင့်အမာ ဖြစ်သော်ညားလည်း အသွေးနှင့်အသားနှင့်ပင် တည်ဆောက်ထားသည်မဟုတ်လော။နည်းနည်းပင်ဖြစ်စေ သက်သာစေရန်အလို့ငှာ ဆေးသိပ်ဖို့ ဆေးမြစ်အရှာဝယ်ရင်း ဈေးသည်တစ်ချို့ရဲ့ စကားစမြည်ကို ကြားနေရသည်။နန်းတွင်းထဲနေသော မိမိပင် မသိသော အကြောင်းအရာများကို ဈေးသည် ဈေးဝယ်များ တစ်ယောက်တစ်ပေါက်ပြောနေပုံထောက်လျှင် နန်းတွင်းထဲမှ တစ်စုံတစ်ဦး မိမိထက် အရင်ဈေးထဲ ရောက်နှင့်ပြီးဖြစ်တန်ရာ။

လူတွေက ခက်သည်။စည်းဆိုသည်ကို သူတို့မသိ။ဘူးတစ်ရာသာလျှင် ပိတ်လို့ရမည် ပါးစပ်ပေါက်တစ်ပေါက် ပိတ်ဖို့ ခက်သည် ဆိုသော စကားပုံက သွေးထွက်အောင်ပင် မှန်လေသည်။

ဘယ်အချိန် အကျူးခံရမလဲ မသိသည့် မိမိတို့နယ်အတွက် အင်အား အကူအညီရရန်သော်လည်းကောင်း၊လက်နက်အကူအညီရရန်သော်လည်းကောင်း လက်ဆောင်ပေး ချစ်ကြည်ရေး လုပ်ရသည်မှာ ဓမ္မတာပင်။များသောအားဖြင့် မင်းသမီးအပ်ကာ နှယ်နှစ်နယ်ပူးပေါင်းကြသည်။ထိုသို့ ထိုသို့သော ချစ်ကြည်ရေးအမှုများမပြုထားလျှင် မည်သူသည် ဘယ်အချိန် မိမိတို့ရန်သူဖြစ်လာမည်မသိ။

ယခု ကြားပုံအရဆို အိမ်ရှေ့စံလည်း ချစ်ကြည်ရေးတာဝန် ရှိနေပြီထင်သည်။မင်းသမီးဆက်ခြင်းမဖြစ်ဖို့ တီးတိုးဆုတောင်းရသည်။

ကျွန်တော်မျိုးသည် ဝဠ်အလွန်ကြီး၏။

အိပ်ဆောင် ရောက်ရောက်ခြင်း မေမေက အကျႌထုပ်ကိုင်ကာ စောင့်နေပုံအရ ဈေးထဲက ကြားလာတွေတော့ မှန်ပြီထင်သည်။

You've reached the end of published parts.

⏰ Last updated: Sep 30, 2019 ⏰

Add this story to your Library to get notified about new parts!

Catch My Breath /vkook/Where stories live. Discover now