လူက သူ့ရင်​ခွင်​ထဲလှုပ်​လို့မရ​အောင်​ကိုဖက်
နေတာ....

"ကို​ရေ ကျ​နော်​ အသက်​....ရှူလို့မဝ​တော့..
ဘူးလို့"

"ခဏ​လေးပါကွာ.....​အား...
ကိုယ်​ Baek နဲ့ ၃ရက်​​တောင်​ခွဲရမှာ..
မခွဲနိုင်​ဘူး..တစ်​စက္ကန့်​​လေး​တောင်​မခွဲချင်​ဘူး
လို့"

"ဘယ်​..ဘယ်​လို ၃ရက်​?"

သူ့ရင်​ခွင်​ထဲကထွက်​ပြီး​မေး​တော့မှ

"ဟုတ်​တယ်​...၃ရက်​​တောင်​...
ကိုယ်​တို့မိသားစု​တွေ ဂျယ်​ဂျူကိုသွားကြမှာမို့
အခုချိန်​က ညီ​တွေ​ရော  ကိုယ်​​ရော​ကျောင်း
ပိတ်​တာရယ်​...
ကိုယ့်​​ဖေ​ဖေ​ရော အလုပ်​အားတာရယ်​​ကြောင့်
သွားဖြစ်​သွားတာ...
မခွဲချင်​ဘူး Baekရာ..."

က​လေးလိုနှုတ်​ခမ်းစူကာ ​ပြောလာတဲ့ ကို့ရင်
ခွင်​ထဲ Baekhyun တစ်​ဖန်​ပြန်​ဝင်​လိုက်​ရင်း

"၃ရက်​​တောင်​လွမ်း​နေရမှာ​ပေါ့"

"ကိုယ်​ဖုန်းဆက်​မယ်​​လေ​နော်​...
Baek က ​နေ​ကောင်း​အောင်​​နေ...
အစားမှန်​စား အအိပ်​မှန်​အိပ်​..​နော်​ ခ​လေး"

သူ့ရင်​ခွင်​ထဲတိုးဝင်​တိုင်းလုပ်​​နေ​ကြ
ကျ​နော့်​​ခေါင်းကိုပွတ်​ရင်း​ပြော​တော့...
ခါးကိုတင်း​နေ​အောင်​ဖက်​ထားမိသည်​။

ဘာစကားမှမဆိုဘဲ တစ်​​ယောက်​နဲ့တစ်​​ယောက်
တင်း​နေ​အောင်​ဖက်​ထားကြတဲ့ကျ​နော်​တို့
နှစ်​​ယောက်​ကို လမ်းသွားလမ်းလာ​တွေ
ကြည့်​ချင်​လည်းကြည့်​ကြပါ​စေ​တော့...။

သူ့ရင်​ခွင်​ထဲပုန်း​နေတာမို့ ကျ​နော်​မမြင်​ပါ​လေ

"Baek ဖက်​ထုပ်​သွားစားရ​အောင်​"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ကိုယ်​နဲ့သုံးရက်​​တောင်​မ​တွေ့ရဘူးဆို​တော့..
ဘေကတ်​ဝယ်​လာ​ပေးလို့မရ​တော့ဘူး..
ဆို​တော့....​ရော့...ကိုယ့်​ကတ်​တစ်​ကတ်​ယူ
ထားလိုက်​...."

ဂန်​နမ်​က နာမည်​ကြီးဖက်​ထုပ်​ဆိုင်​​လေးထဲ
ဖက်​ထုပ်​စား​နေကြရင်း...
သူ့ကတ်​ကိုကျ​နော့်​​ရှေ့ချ​ပေးတဲ့ ကို...

🌚F.A🌚 [Completed]Where stories live. Discover now