F.A
"ကျနော် ကို့ ကို လက်ထပ်ဖို့ထိမစဉ်းစားခဲ့ဖူးဘူး"
သိုင်းဖက်ထားတဲ့လက်တွေပြေလျော့သွားတဲ့
တစ်ခဏမှာ ကျနော်လှည့်ကြည့်လိုက်တော့...
အံ့သြခြင်းများစွာဝန်းရံကာ မျက်ရည်ကြည်တွေ
နဲ့ရစ်သီထားနဲ့မျက်ဝန်းတစ်စုံကိုတွေ့လိုက်
ရတယ်..."တောင်းပန်ပါတယ်.....ကျ..ကျနော်ပြန်တော့မယ်နော်"
သူ့အခန်းထဲက ထွက်ကာ ဧည့်ခန်းစားပွဲပေါ်က
လွယ်အိတ်ကိုယူလိုက်ရင်း...ဓာတ်လှေကားရှိရာဆီပြေးထွက်လာလိုက်သည်။64 ကနေ မြှားလေးအောက်ကိုဆင်းနေတာတွေ့တော့မှ ထိန်းထားသမျှငိုချမိတော့သည်။
ဓာတ်လှေကားထဲကျနော်တစ်ယောက်တည်းမို့
အော်ငိုမိရင်း ကို့ ကိုစိတ်ထဲက အကြိမ်ကြိမ်
တောင်းပန်စကားဆိုမိသည်။မချစ်လို့မဟုတ်ပါဘူး
ကို့ကို မယုံလို့မဟုတ်ပါဘူး....
ကျနော် ကြောက်လို့ပါ....။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းကလေ...
Baekhyun မှာ သူအရမ်းချစ်ရတဲ့
Byun Sera ဆိုတဲ့ အမတစ်ယောက်ရှိခဲ့ဖူး
တယ် Hyung... Sera Noonaက
သူ့ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေ
တုန်းမှာပဲ...လက်ထပ်ပွဲကိုဖျက်ခဲ့တယ်...
Noonaရဲ့ချစ်သူအဲ့လူက သူနဲ့ရခဲ့တဲ့ကိုယ်ဝန်ကိုလက်မခံနိုင်တော့ဘူးဆိုပြီးထားခဲ့တယ်..
Noonaကဆောက်တည်ရာမရဖြစ်ခဲ့ပြီး
အဲ့လူဆီဖြေရှင်းဖို့ကားမောင်းသွားတုန်းမှာ
Accident ဖြစ်ပြီးဆုံးပါးခဲ့တယ်...
Baekhyunne က သူ့အမကိုအရမ်းချစ်တာ..
သူ့အမဆုံးပါးတဲ့စိတ်နဲ့..တစ်နှစ်ကျော်နီးပါး
လောက်မှိုင်တွေနေခဲ့တာ...နောက်
ကျန်းရီရှင်းကို stan မိသွားတာကနေ..
အရင်လိုပြန်ဖြစ်လာခဲ့တာhyung....
အခုလို Hyungကိုငြင်းတာဆိုတာကလည်း
သူ ဒီကိစ္စနဲ့ပတ်သက်ပြီး တွေးပီးကြောက်နေတာနေမှာပါ Hyungစိတ်မပူပါနဲ့"
CZYTASZ
🌚F.A🌚 [Completed]
FanfictionFAတစ်ယောက်၏ဘ၀အာုးရင်နှင့်ရင်း၍ရေးသားသည်... FAတစ်ယောက်၏ဘဝအား ရင်နှင့်ရင်း၍ရေးသားသည်... Chanyeol × Baekhyun_YAOI