Zawgyi version
အင်း......ပြောရမယ်ဆိုရင် ကျွန်တော်နဲ့ Jungkook နဲ့
လက်ထပ်ပြီးလို့ ကျွန်တော် အိမ်ထောင်သည်ဖြစ်သွားတာ
၁ လပြည့်ခဲ့ပြီအိမ်ထောင်သည်ဖြစ်တာနဲ့ ကျွန်တော်လဲ
ဂိမ်းသမားလုံးလုံးဖြစ်သွားတော့တာပဲဟုတ်တယ်လေ Jungkook က သူပဲပိုက်ဆံရှာမယ်
Tae ကအိမ်မှာပဲနေ ကိုယ့်ကိုချစ်ပေးရတဲ့အလုပ်ပဲလုပ်ဆိုတော့လဲ
ကျွန်တော်က အိမ်မှာအမြဲတစ်ယောက်တည်းအဲ့တာကြောင့် Jimin က ဂိမ်းဆော့ကြည့်ပါလားဆိုပြီးပြောလို့
ဆော့ကြည့်လိုက်တာ ဂိမ်းများရဲ့ဘုရင် Kim Taehyung
ဆိုပြီး ဖြစ်သွားတာပေါ့အခု...ဂိမ်းလဲမဆော့ချင်တော့ဘူး
ဘာလို့လဲဆိုတော့ ၆ နာရီထိုးပြီလေ
၆ နာရီဆို Jungkook ကကုမ္ပဏီကနေပြန်လာတဲ့အချိန်ဆိုတော့
အဲ့အချိန်ဆို Jungkook အိမ်ပြန်မရောက်မချင်း
ထိုင်လို့မရထလို့မရ ချက်ချင်းကြီး Jungkook ကိုလွမ်းလာတာ" Tae ရေ.....ကိုယ်ရောက်ပြီ "
" Jungkook....... "
ဒါကလဲအလုပ်တစ်ခု
Jungkook ရဲ့ ကိုယ်ရောက်ပြီဆိုတဲ့စကားကြားတာနဲ့
အိပ်ခန်းထဲကနေ အိမ်ရှေ့ထိ မာရေသွန် ပြိုင်ပွဲဝင်သလို
ပြေးသွားပြီး Jungkook ကို ဖက်ကာ ပါးကိုနမ်းရတာအမော" Jungkook ရယ် လွမ်းလိုက်တာ "
" ကိုယ်လဲ လွမ်းတာပေါ့ "
Jungkook က ကျွန်တော့်ကို ချီမကာ
ကျွန်တော့်ပါးလေးကိုပြန်နမ်းပြီးပြောလာသည်Jungkook ကလေ တော်တော်ချောလာတာ
အရင်ကလဲ ချောပါတယ် ချောလို့တောင်
ကျွန်တော် အနောက်ကနေ တကောက်ကောက်လိုက်ခဲ့ရတာပဲ
ဒါပေမယ့် အခုချောတာကတစ်မျိုး
အရမ်းလူကြီးဆန်လာပြီး..တည်ကြည်လာတယ်
ယောကျာ်းလဲပိုဆန်လာတယ်
ကုမ္ပဏီ မှာ ဝန်ထမ်းကောင်မလေးတွေ
Jungkook ကိုငမ်းမှာ သေချာတယ်
![](https://img.wattpad.com/cover/160543575-288-k148163.jpg)
KAMU SEDANG MEMBACA
Believe in Love (Completed)
RomansaI want you to know , But I don't wanna tell u