4

7.9K 958 80
                                    

Zawgyi version

သိတာ​ပေါ့ ဒီ​ကောင်​​လေး ကျွန်​​တော့်​ကိုကြိုက်​​နေတာ

.
.
.
.
.
.
သူနဲ့ ကျွန်​​တော်​ ပထမဆုံး​တွေ့တဲ့​နေ့ ဘယ်​ရယ်​မဟုတ်​ဘူး ​ကောင်​​လေးကရီချင်​စရာ​ကောင်းလို့ မှတ်​မိ​နေတာ

ကောင်​​လေးမှာ ice cream အရမ်းစားချင်​​ပုံရသည်​ ​ကျောင်း​ရှေ့မှာ ကား​နဲ့လာ​ရောင်းတဲ့ ice cream ကား​ရှေ့မှာ ​အနီးအနားရှိ ရပ်​ကွက်​က က​လေးများ​ရော ​ကျောင်းက ​ကောင်​မ​လေး​တွေပါ တိုးကြိတ်​ပြီး ဝယ်​စား​နေကြသည်​ ​အဲ့ထဲမှာမှ မျက်​မှန်​ဝိုင်းဝိုင်း​လေးနဲ့ လွယ်​အိတ်​ကလဲ ခန္ဓာကိုယ်​နဲ့မလိုက်​ အကြီးကြီးပဲ ​ကျောင်းအင်္ကျီအ​ပေါ်က​နေ ဆွယ်​တာအင်္ကျီအနီ​ရောင်​​လေးဝတ်​ထား​သေးသည်​ ကြည့်​လိုက်​တာနဲ့ စာဂျပိုးရုပ်​​လေးမှန်းသိသာသည် အလယ်​တန်း​ကျောင်းသား​လေးများလား

သူစားချင်​​နေ​ပေမယ့်​ တိုးရမှာ​ကြောက်​​နေပုံရတယ်​ ပိုက်​ဆံကိုလက်​ထဲမှာကျစ်​ကျစ်​ကိုင်​ထားပြီး ​ရေခဲမုန့်​ကားရဲ့ သုံးလှမ်းအကွာမှာ ရပ်​ကာ ​စောင့်​​နေသည်​ ကျွန်​​တော်​လဲ ရပ်​ကြည့်​လို့ ရပ်​ကြည့်​​နေမှန်းမသိ​အောင်​ကြည့်​​နေမိသည်​ ဒီ​ကောင်​​လေး ​ရေခဲမုန့်​ ရသွားရင်​ ​ပျော်​သွားမယ့်​ပုံကို ကြည့်​ချင်​​နေမိသည်

ခဏကြာ​တော့ လူအားလုံးရှင်းသွားတာ​ကြောင့်​ သူ့မျက်​နှာ​လေးရွှင်​လန်းသွားကာ ကားဆီသို့ ​အ​ပြေးအလွှားသွား​နေပုံ​လေးက ကျား​ပေါက်​​လေးနဲ့တူသည်

" ​ကောင်​​လေး...​ရေခဲမုန့်​ ကကုန်​သွားပြီကွ "

ကျွန်​​တော်​ ကြား​နေရသည်​ သူနဲ့ ​ဆိုင်​ရှင်​ ​ပြော​နေတာကို

" ဦး​လေးကြီးရယ်​ နည်းနည်း​လောက်​မရေ​တာ့ဘူးလား "

" ​နည်းနည်း​လေး​တောင်​ မရှိ​တော့ဘူး ​နောက်​​နေ့ကျမှာစား​တော့ "

ရေခဲမုန့်​ ကားလဲထွက်​သွား​ရော ​ကောင်​​လေးကမျက်​နှာရှုံမဲ့မဲ့နဲ့လှည့်​ထွက်​သွားသည်​ ကျွန်​​တော်​လဲ ကိုယ့်​အိမ်​ကိုပြန်​​တော့မယ်​ဆိုပြီး အိမ်​ပြန်​ဖို့လုပ်​တုန်း အ​နောက်​​နေ ရှိုက်​သံ​လေးထွက်​လာသည်

Believe in Love (Completed)Where stories live. Discover now