4

11.9K 1.4K 75
                                    

ကွန်ကရစ်ခင်းထားတဲ့ လမ်းတစ်လျှောက်
လွယ်အိတ်ကိုတစ်စောင်းလွယ်ကာ baekhyun
လမ်းလျှောက်လာသည်။

ခပ်လျော့လျော့ လမ်းလျှောက်ပုံနဲ့ တည်နေတဲ့မျက်နှာထား
သည် ဂရုမစိုက်ခြင်းအနုပညာကို
ညက်ညက်ကြေနေတဲ့အသွင်။

မရောက်တာကြာပြီမို့လို့လား မသိဘူး
ကျောင်း၏အငွေ့အသက်က သူနဲ့စိမ်းသလိုလိုပင်။

"Baekhyun....ဘာလာလုပ်တာလဲ ''

မျက်နှာချင်းဆိုင်လျှောက်လာသော
အတန်းတူ ကောင်လေး၂ယောက်က
Baekhyun ကိုမယုံနိုင်သလိုမေးလိုက်ခြင်းဖြစ်သည်။

" စာလာသင်တာ ''

Baekhyun ဆတ်ခနဲပဲပြန်ဖြေလိုက်သည်။
ဟုတ်တယ်လေ ကျောင်းလာတာ ဘာလုပ်ဖို့လာရမှာလဲ။
မေးလည်းမေးတတ်ကြတယ်

" ဟာ..မဟုတ်ဘူးလေကွာ။
မင်းကျောင်းထွက်သွားပြီမဟုတ်ဘူးလား ''

Baekhyun မျက်ခုံးပင့်သွားမိသည်။

"ငါလား...''

" အေး..မင်းကျောင်းထွက်သွားပြီဆို''

" ဘယ်သူကပြောတာလဲ..''

"ဆရာမ ပြောတာ။
ဟိုတစ်နေ့ကပဲမင်းအဖေကိုယ်တိုင်
ထွက်စာလာယူသွားတာတဲ့
နိုင်ငံခြားကိုပြောင်းတော့မှာဆို ''

ဘာကိုလဲ။ဘာလို့ ကျောင်းထုတ်ရမှာလဲ။
ဘယ်နိုင်ငံက ခြားတာလဲ။

Baekhyun ph ကိုထုတ်လိုက်ကာ
ချက်ချင်းလှည့်ထွက်လာခဲ့သည်

အရေးထဲ ဖုန်းကမကိုင်သေး။

တီ..

" အဖေ''

" အေး..ဘာလဲ ''

" ကျွန်တော့်ကို ကျောင်းထုတ်လိုက်တာလား ''

" အော်။အေးဟုတ်တယ် ငါပြောဖို့မေ့နေတာ
မင်း တရုတ်ကိုသွားရမယ် ''

Baekhyun ခြေလှမ်းတွေရပ်တန့်သွားသည်။

" ဘယ်က တရုတ်လဲ။ ''

" ဘယ်ကတရုတ် ရမှာလဲ။ မင်းကြားဖူးနေတဲ့
တရုတ်နိုင်ငံပေါ့ ''

ပေါ့ပျက်ပျက်လေသံနဲ့ အဖေ့ကို baekhyun
ဒေါသထွက်ချင်လာသည်။နည်းနည်းလေးတောင်မတိုင်ပင်ပါပဲ ဒီလိုလုပ်လို့ရတယ်လား။

Take the way To Love /Season 2/ (Completed) Where stories live. Discover now