ရှင်းလင်းနေသော အပြာရောင်ကောင်းကင်အောက်တွင်
အရှိန်ပြင်းစွာမောင်းနှင်လာသော အနီရောင် ကားတစ်စီး။ကားများအားလုံးကိုကျော်ကာ အမြင့်ဆုံးအရှိန်ဖြင့် တစ်လမ်းလုံးတွင် သူ့ကားတစ်စီးသာရှိဟန်
ဂရုမစိုက်ပဲမောင်းနှင်နေသည်။
အကွေ့များတွင်လည်းအရှိန် မလျော့။
မီးပွိုင့်များတွင်တောင် ကားကိုမရပ်နားပဲစိတ်တိုင်းကျ
တစ်ချိုးထဲ မောင်းနှင်ခံနေရသော
ကားတစ်စီးကတောက်ပနေလျက်။စီယာတိုင်ကိုကိုင်ထားသော လက်ချောင်းသွယ်သွယ်၏
ထိပ်တွင် မှည့်ခပ်ထင်းထင်းတစ်ခုရှိနေသည်။သွေးကြောစိမ်းတွေယှက်ဖျာနေတဲ့ လက်တစ်ဖက်နှင့်
စီယာတိုင်ကိုထိန်းရင်း နောက်လက်တစ်ဖက်က
ပြတင်းပေါက်ဘေးကိုတင်ထားသည်။အမိုးဖွင့်ထားသော ကြောင့်တိုးဝင်နေတဲ့လေအေးအေးတွေက
ငွေမှင်ရောင်ဆံပင်တွေကို ခပ်ဖွာဖွာဖြစ်နေစေသည်။တစ်ငြိမ့်ငြိမ့်နဲ့သီချင်းသံကြားထဲ ထမြည်လာတဲ့
ဖုန်းသံကြောင့် baekhyun မျက်ခုံးတွန့်သွားသည်။Bluetooth ကိုဖွင့်လိုက်စဉ်ပင်
" ဟေ့ကောင် ''
ဆူးခနဲထွက်လာတဲ့အဖေ့အသံ။
" လန့်လိုက်တာ ''
" မင်းဘယ်မှာလဲ
မင်းကို ကုမ္ပဏီလာခဲ့ပါလို့ ငါမပြောထားဘူးလား ''အဖေ့အသံကတင်းမာသည့်အပြင်ကျယ်လောင်နေသည်။
" ၃နာရီမှလေ ''
" ငါ့ကိုလျှာမရှည်နဲ့။
အခုဘယ်အချိန်လဲ နာရီကိုကြည့်လိုက်အုန်း ''Baekhyun တစ်ချက်ပြုံးသည်။
ပတ်ဝန်းကျင်ကိုပါ ခပ်မှေးမှေးလှမ်းကြည့်ရင်းလေပါ
ချွန်လိုက်မိလိုက်သေး။" လာနေပြီ အဖေ။
တိုးတိုးပြော ဘေးမှာလူတွေနဲ့မရှက်ဘူးလား ''" ငါ့ဘေးမှာဘယ်သူမှ မရှိဘူးဟေ့ကောင်
အပိုတွေလာပြောမနေနဲ့ ..နောက်နာရီဝက်အတွင်း
မရောက်ရင်သေဖို့ပြင်ထား..
မင်းကွာ ..ငါဒီလောက်မှာထားတာကို''