အပိုင်း (၁)

Start from the beginning
                                    

မျက်နှာကျက်ပေါ်သို့မြင်နေရသည့်အာရုံများတဖြေးဖြေးကွားသွားပြီးနောက် အိပ်မောကျသွားခဲ့သည်။

[ Ring ~ Ring ]

ဘယ်​​လောက်​ထိအိပ်​​ပျော်​သွားသည်​မသိဖုန်းသံမြည်​မှလန့်နိုးလာ၏။ဖုန်းကို​ကောက်ကိုင်ကာContent Nameကိုကြည့်လိုက်​​တော့ကာ အချစ်​ဆုံးသူငယ်​ချင်းဘူဆန်​သားJiminပင်။

"​ အင်းး ​jimin na ... "

" Taehyung ah ! မင်းငါ့ဆီလာမယ်ဆို ?"

Taehyungကဘူဆန်ကိုမိုးမလင်းခင်ထဲရောက်နေသည်ကိုမသိပဲ မလာဘူးထင်​ပြီးတဖက်ဖုန်းမှJiminဒေါသဖြင့်အော်ပြောနေတော့သည်။

"​ ငါဒီ​ရောက်​လို့တ​ရေး​တောင်​အိပ်​ပြီးပြီ "

" ငါ့ဆီကိုဖုန်းတောင်မဆက်ဘူး ။ ခွေးကောင် !"

"​ အေးပါကွာ ။ ငါမနတ်​၅နာရီခွဲက​ရောက်​တာ ​စော​သေးလို့မင်းကိုအားနာလို့ပါ စွတ်​​ဟောက်​​တော့တာပဲ"

"​ ပြီး​ရောကွာ တည်းနေကျHotelပဲမလား ။ နောက်​​နေ့​တွေ့တာ​ပေါ့ အခုအ​မေခိုင်းထားတဲ့အလုပ်​​လေး​တွေရှိ​နေလို့"

"​ အေးပါကွာ ။ နောက်​​နေ့​တော့ဆက်​ဆက်​​တွေ့မယ်​ အခု​တော့နားလိုက်​အုန်းမယ်​ "

"​ အင်း အင်း "

Jiminနှင့်ဖုန်းပြောပြီး​နောက်​ အပြင်​ထွက်​ဖို့ပြင်​ဆင်​လိုက်​​လေသည်။Jiminကို​စကားအဖြစ်သာပြောလိုက်​ရခြင်းပင် Hotelထဲမှလည်းတယောက်ထဲဆက်​မ​နေချင်တော့တာကြောင့်အပြင်​သာထွက်​လာခဲ့လိုက်​သည်။သိုးမွှေးအ​နွေးထည်​လည်းလိုရမယ်​ရဝယ်​ရအုန်းမယ်​မဟုတ်​ပါလား။

အပြင်​ကိုထွက်​လာပြီးနောက်ဆွယ်​တာဆိုင်​တစ်​ခု​သို့ဝင်ကာဝင်​ စိတ်​ကြိုက်​​ရွေးကာသူတစ်​ထည်ယူလိုက်ပြီး jiminအတွက်​လက်​​ဆောင်​အဖြစ်​တစ်​ထည်​ဝယ်​ခဲ့လို​က်​သည်။

စျေးတန်းလမ်းမသို့ဆက်​​လျှောက်​လာရင်းရှေး​ဟောင်းစာအုပ်​များရောင်းသည့် စာအုပ်​အ​ဟောင်းဆိုင်​​လေးကို​တွေ့​တော့မ​နေနိုင်​မထိုင်​နိုင်​စိတ်​ရဲ့​စေခိုင်းချတ်​အရကျ​နော်ထိုဆိုင်သို့ခြေလှမ်းခပ်သွက်သွက်ဖြင့်သွားလိုက်သည်။စာအုပ်များကိုနံရံကပ်ဗီဒိုတွင်အစီအရီလုပ်ထားသည်က ဆောင်မှုတစ်ခုပင်။
စာအုပ်​များကို​ရွေးကာစိတ်​ကြိုက်​စာအုပ်​၂အုပ်​​လောက်​​ရွေးပြီးဆိုင်​ရှင်​ဦး​လေးအားငွေရှင်​ရန်​​ကောင်တာနားချဥ်းကပ်လိုက်သည်။

𝔹𝕃𝔸ℂ𝕂 𝕃𝕆𝕋𝕌𝕊 | အနက်ရောင်ကြာပန်း | CompletedWhere stories live. Discover now