ကောင်းကင်ပြာသည် ပြိုကျတတ်ပါသလား?

Start from the beginning
                                    

မင်းကငါ့မိန်းမအဖြစ်ရော..သားလေးရဲ့အမေဖြစ်ဖို့ရော ငါ့ဘ၀နဲ့လဲလှယ်ဖို့ပါတကယ်ကို မထိုက်တန်ခဲ့ ဘူး... သို့သော် သူပြန်လှည့်ဖို့သိပ်ကိုနောက်ကျသွားခဲ့ပြီဖြစ်သည်။

ဘန်ဂလိုအပြင်ဘက်တွင် သူ့ဆက်သွယ်မှုကြောင့်ရောက်ရှိလာသော ရဲကားတစ်ချို့ရဲ့အသံကို မိုးနက်သံများကြားမှသူကြားနေရသည်။

နောင်တသည် အခါလွန်မိုးထက်အငြိုးကြီးလေသည်ကို ဘ၀နှင့်ရင်းကာ သူရခဲ့လေပြီ။

"လူသတ်မှုကျူးလွန်ကြောင်းထင်ရှားပါသဖြင့် သေဒဏ်ချမှတ်'''

အဆိုပါသတင်းသည် 2000ပြည့်နှစ်ဇန်နဝါရီလထုတ် သတင်းစာစောင်မှာ..ခေါင်းစီးဖြင့်ပါလာခဲ့သည်.နှင့်Yတစ်နိုင်ငံလုံး အစာကို ဆွဲခါ ခံယူလိုက်ရတဲ့ ပုရွက်ဆိတ်အုံလို လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်..။

အကြောင်းရင်းသည် အသည်းစွဲခဲ့ရသောနာမည်ကြီးအဆိုတော်ရဲ့ နှစ်လောင်းပြိုင် လူသတ်မှုကြောင့်ပင်..။ မကောင်းသတင်းပိုပျံ့လွယ်သော လူတို့၏အညှီအကျင့်အရ.. ထိုသတင်းသည် လူတိုင်းပါးစပ်ဖျားပေါ်အကူအညီမလို ထိပ်ဆုံးရောက်ရှိသွားခဲ့လေသည်။

"သူ့မိန်းမရော..ဖောက်ပြန်တဲ့သူပါသတ်လိုက်တာတဲ့ သားလေးတယောက်ရှိသေးတယ်ဆို..'''

မူလတန်းကျောင်းလေးရဲ့ ရှေ့ အုပ်စုဖွဲ့  အတင်းတုပ်နေသောအဒေါ်ကြီး များ ထဲမှ တစ်ယောက်သောအဒေါ် ကြီးသည်မလှမ်းမကမ်းမှာငြိမ်ငြိမ်လေးထိုင်နေသောခုနှစ်နှစ်အရွယ်ကလေးလေးကိုသတိပြုမိသွားသည်..။

ပွဲများတွင်ပါလာဖူးသည့် မျက်မှန်းတန်းလောက်စရာအရေးတယူမှတ်မိရလောက်အောင် ချစ်စဖွယ်ရုပ်အင်္ဂါရှိသူ ကလေးလေး။

မည်းနက်နေသောမျက်ဝန်းနက်လေးများနင့် ကော့စင်းနေသောမျက်တောင်ရှည်လေးများ

ဖြူဥနေသောအသားအရေ အပြာရောင်စွပ်ကျယ်လေးဝတ်ကာ

လွယ်အိတ်အဝါလေးလွယ်ထားသော ဖြူဖြူသွယ်သွယ်ကလေးလေး...

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now