I'm not Ready... Part-1

Start from the beginning
                                        

တစ်နေရာရောက်တော့ P'Pha လက်တွေ ပြေလျော့ သွားပြီး ပြုံးရွှင်နေတဲ့ မျက်နှာ ပြန်တည်သွားတယ်…

Pha-- Sawaddee krub !

P'Phaကိုပဲ ခိုးကြည့်ပြီး ဘာမှမမြင်ဘဲ လျှောက်လာတဲ့ ကျွန်တော်က P'Pha ဘယ်သူ့ကို နှုတ်ဆက်လိုက်တာလဲလို့ ကြည့်လိုက်တယ်…

Pha-- Morningပါ ခဗျ!

ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်ကနေ တည့်တည့်လျှောက်လာတဲ့ သူကို P'Phaက တရိုတသေနဲ့ နှုတ်ဆက်လိုက်တယ်… ကျွန်တော်လဲ ရုတ်တရတ်တော့ အံ့သြမိသွားတယ်… ဒါပေမယ့် မျက်နှာကို ချက်ချင်း ပြန်ထိန်းပြီး… P'Phaနဲ့ အတူ နှုတ်ဆက်လိုက်တယ်…

Yo-- Sawaddee Krub!

“ Sawaddee …!”

အဲဒီ့သူက ကျွန်တော့်ကို ကြည့်ပြီး ပြန်နှုတ်ဆက်လိုက်တယ်… ဒါပေမယ့် ကျွန်တော် P'Phaဘက်ကို မျက်ရိပ်ပြပြီး ဆက်ဟန်ဆောင်နေ လိုက်တယ်…

“ အာ… Morningပါ Khun Phana! အခြေအနေ ကောင်းရဲ့လား…?”

Pha-- ဟုတ်ကဲ့ ကောင်းပါတယ်. U Ta… အာ Khun Tan ခဗျ…!

ဟုတ်ပါတယ်… P'Pha ကျွန်တော့်ကို မသိလောက်သေးဘူး ထင်ပြီး U Tan ကို Khun Tan ဆိုပြီး နှုတ်ဆက်နေတာပါ… P'Phaနဲ့ ကျွန်တော့်ကို တွဲပြီး အရမ်းရင်းနှီးတဲ့ပုံကို မြင်ပြီး U Tan တစ်ယောက်လဲ အရမ်း အံ့အားသင့်နေပေမယ့် ဟန်ဆောင်မပျက်ဘဲ နေပါတယ်… ကျွန်တော့်ကိုပဲ တရိုတသေ နှုတ်ဆက်တာမျိုး မလုပ်ပဲ … ကျွန်တော့်ကို မသိသလို ဖာသိဖာသာနဲ့ နေပါတယ်… ထိပ်တိုက်တိုးမယ်လို့ မတွက်ထားမိတဲ့ အတွက် ဘာပြောရမှန်းမသိဘဲ U Tan တစ်ယောက် ယောင်နနဖြစ်နေသလို ကျွန်တော်တို့နှစ်ယောက်လဲ ကြောင်တောင်တောင်နဲ့ ရပ်နေကြတယ်… နောက်တော့မှ…

U Tan-- Thanawat က Mr. Barnetက Khun Phanaနဲ့ တွေ့ချင်တယ်လို့ ပြောတယ်! အဲဒါ ဆက်သွယ်လိုက်ပြီး တွေ့လိုက်ပါ! ဒါဆို သွားလိုက်ပါဦးမယ်!

ကျွန်တော့်ကို အကြည့်နဲ့ လှမ်းကြည့်ပြီး မသိမသာ အရိုအသေပေးပြီး လှည့်ထွက်သွားတဲ့ U Tanကို ကြည့်ပြီး အသက်ရှုကြပ်နေရာကနေ ပြန်အသက်ရှုချောင်သွားမိတယ်…

Pha-- Yo… သွားရအောင်လေ.!

P'Pha ခေါ်မှ ကျွန်တော်လဲ ပြန်အသိဝင်လာပြီး လိုက်သွားလိုက်တယ်… ခုနကလို ကျွန်တော့်ပခုံးကို မဖက်တော့ဘဲ ဘေးချင်းယှဉ်သွားရင်း ဇာတ်ကျိုး မတတ် ကျွန်တော့်ကိုပဲ ဘေးစောင်းငဲ့ကြည့်ရင်း လျှောက်လာတယ်…!P'Phaကတော့ ပျော်နေပေမယ့် ကျွန်တော်ကတော့ စိတ်တွေ ရှုပ်ထွေးနေမိတယ်… U Tan မှာ သေချာပေါက် ကျွန်တော့်ကို ပြောချင်တာ ရှိမှာပဲလို့ တွေးနေမိတယ်… ကျွန်တော်နဲ့ သူ့တူကြားက ဆက်နွယ်မှုကို သံသယလဲ ဝင်နေလောက်ပြီထင် တယ်… Ming ပြောသလို U Tan က အရမ်း လူကဲခတ်တာ တော်တယ်ဆိုတာ အမှန်ပါ… ဒါကြောင့် ကျွန်တော်ကိုယ်တိုင်လဲ စိတ်မွန်းကြပ်လာမိတယ်… သူသိသွားရင်ရော…? Daddy နားအထိ ပြန်ရောက်မှာ သေချာပါတယ်… ဒုက္ခပါပဲ…

ကျွန်တော့်စားပွဲမှာလဲ ထိုင်ရင်း တစ်ချိန်လုံး စဉ်းစားရင်း ခေါင်းရှုပ်နေမိတယ်… ကျွန်တော် P'Phaရဲ့နားမှာ ခဏတာလောက် နေချင်မိလို့ မိုက်မဲတဲ့ လုပ်ရပ်တွေ လုပ်နေမိခဲ့ပေမယ့် P'Phaဆီက ကျွန်တော် မျှော်လင့်တဲ့ အချစ်တွေ ပြန်ရမယ်လို့ မထင်ခဲ့ဘဲ P'Phaနားက တစ်ချိန်ချိန်ကျရင် ရင်ကွဲခံပြီး ထွက်လာရမှာပဲလို့ တွေးမိခဲ့တာပါ… အခုလို P'Pha ကိုယ်တိုင်လဲ ကျွန်တော့်ကို ချစ်တယ်ဆိုရင် ဘာကြောင့် P'Pha ကို ကျွန်တော် အဆုံးရှုံးခံရမှာလဲ? Daddy နဲ့ မား သိသွားရင်လဲ ကျွန်တော် P'Phaကို လက်မလွှတ်နိုင် တော့ပါဘူး… ဒါပေမယ့် Daddy အကြောင်းကို ကျွန်တော် အသိဆုံးပါ… P'Phaကို ထိခိုက်မှာ စိုးရိမ်မိတယ်… ကျွန်တော့်အတွက်နဲ့ P'Phaအပေါ် ရက်စက်တဲ့ လုပ်ရပ်တွေ Daddy မလုပ်မိစေဖို့ P'Phaကို ကျွန်တော် ကာကွယ်ရမယ်… ကာကွယ်ရုံက လွဲပြီးလဲ ဘာမှ မတတ်နိုင်ပါ… Daddy လိုလူမျိုးကို တွန်းလှန်ဖို့ အင်အား အလုံအလောက်တော့ မရှိတဲ့အတွက် အတတ်နိုင်ဆုံး ရှောင်တိမ်းဖို့ပဲလိုတာပါ… နောက်ထပ် စိတ်ပျက်စရာ တစ်ခုက P'Pha သာ ကျွန်တော့်အကြောင်း သိလာရင် ဘယ်လို တုန့်ပြန်မလဲ…?

ကျွန်တော် သူ့ကို အရမ်းချစ်တာ သိရင် မထားခဲ့လောက်ပါဘူးနော်… တစ်သက်လုံး ဖုံးကွယ်ထားဖို့ မဖြစ်နိုင်သလို အဲလိုလုပ်ဖို့လဲ မရည်ရွယ်ထားပါဘူး… တစ်နေ့တော့ ကျွန်တော် ဖွင့်ပြောရမယ့် အချိန်ကို ရောက်လာရင်… P'Pha ကျွန်တော့်အပေါ် နားလည်ပေးနိုင်ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်…

အတွေးတွေနဲ့ ခေါင်းထဲ ချာချာလည်နေရင်း တစ်နေ့ဆိုတဲ့ အချိန်က ကုန်လွန်သွားတယ်… ညနေ ရောက်တော့ P'Pha ကျွန်တော့်ကို အိမ်ပြန်ပို့ပေးတယ်… အိမ်ရှေ့နား ရောက်တဲ့အထိ ကျွန်တော် စိတ်နဲ့ ကိုယ်နဲ့ မကပ်သေးပါဘူး…

Pha-- Yo…!!

I'm not Ready . Part -2  ကို ဒီညမှာပဲ ထပ်တင်ပေးမယ်… နည်းနည်းတော့ နောက်ကျမယ်နော် 😉😉😉

စောင့်မယ်ဆိုရင် ဒီညလာမယ်နော်😁😁
To be continued …

Zaw Zaw 😉😉(Moon Child)

If you enjoy reading, give me star😙 and leave me messages❤❤








လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now