I'm not Ready... Part-1

1.7K 112 10
                                        

Wayo-POV

အဲဒီ့နေ့က ကျွန်တော့် သက်တံ့တွေချည်းပဲ မြင်နေမိတယ်… P'Pha ရဲ့ စကားသံတစ်ချို့က ကျွန်တော် မယုံကြည်နိုင်လောက်အောင်ပဲ အံ့အား သင့်စေမိတယ်… အချိန်တိုင်း မျှော်လင့်နေမိတဲ့ မေတ္တာအကြင်နာတွေက P'Phaဘက်က ကျွန်တော့်ကို ပေးဖို့ အသင့်ဖြစ်နေတာလား…? ပျော်ရွှင်ခြင်းတွေ ကြည်နူးခြင်းတွေနဲ့ အဲဒီ့ညက ကျွန်တော် အိပ်မရခဲ့ပါဘူး… ( P.S Mingကြောင့်လဲ ပါပါတယ်… တစ်ရေးနိုးတိုင်း P'Kitရေ… ဆိုပြီး ထထအော်နေလို့ပါ…) P'Pha ပြန်သွားတော့ Ming ဆီမှာပဲ ကျွန်တော် အိပ်ဖြစ်တယ်… မူးမူးရူးရူးနဲ့ ပေါက်ကရလျှောက်လုပ်မှာစိုးလို့ပါ…! ဒါပေမယ့် မနက်ဖြန်အကြောင်းကို တွေးမိရင် ကျွန်တော့် စိတ်တွေ အရမ်းလှုပ်ရှားမိတယ်… P'Phaနဲ့ ကျွန်တော့်ကြားက Relationshipက ကျွန်တော့်ကို ကို့ရို့ကားယားဖြစ်ရလောက်အောင် ရှက်ရွံ့ စေမိမှာ အမှန်ပဲ… ဘဝမှာ ပထမဆုံး ချစ်သူတစ်ယောက် ကိုယ့်ဘေးနားရှိတဲ့ အချိန်မှာ ဘယ်လို အပြုအမူတွေနဲ့ မျက်နှာချင်းဆိုင်ရမလဲဆိုတာ ကျွန်တော် မသိပါဘူး… စက္ကန့်တိုင်းက ကျွန်တော့်အတွက် ရင်ခုန် စိတ်လှုပ်ရှားစရာပါပဲ…

❤❤❤❤❤❤❤❤❤❤❤❤❤❤❤

မနက်ရောက်တော့ အိပ်ရေးမဝပေမယ့် အစောကြီး ထလိုက်တယ်… Companyသွားဖို့ P'Phaက ကျွန်တော့်ကို လာကြိုမယ်တဲ့…! ဒါကြောင့် ကြိုပြင်ဆင်ထားဖို့ ကျွန်တော် စိတ်လောနေမိတယ်… ကျွန်တော့်ထက်အရင် အိပ်ရာနိုးနေတဲ့ Ming ကြောင့် ကျွန်တော် အံ့သြတကြီးနဲ့ မေးလိုက်မိတယ်…

Yo-- မင်းနိုးနေပြီလား…? ငါက မင်းမနိုးလောက်သေးဘူးတောင် ထင်ထားတာ!

Ming--Yo…!
Yo--ဟမ်?
Ming-- အခုဆို P'Kit ဆီ ငါသွားနေကျအချိန်ပဲ…!

မျက်နှာသေနဲ့ ခံစားချက်မရှိသလို တစ်နေရာတည်း စိုက်ကြည့်ရင်း ကျွန်တော့်ကို ပြောလိုက်တယ်… ကျွန်တော့်အတွက် ပျော်ရပေမယ့် သူ့အတွက်လဲ စိုးရိမ်မိပါတယ်… ဒီလို စိတ်ဓါတ်ကျပြီး မှုန်မှိုင်းနေတဲ့ သူ့မျက်နှာရိပ်ကြောင့် မသက်မသာနဲ့ ကျွန်တော် သက်ပြင်းချလိုက်မိတယ်… သူ့ပခုံးကို အသာဆုပ်ကိုင်လိုက်ပြီး…

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now