I'm not Ready... Part-1

Start from the beginning
                                        

Yo-- P'Pha! ဘာလို့ မအိပ်တာလဲ…? တော်ကြာ ခေါင်းကိုက်ပြီး နေမကောင်း ဖြစ်နေဦးမယ်…!

Pha-- မဖြစ်ပါဘူး… ဖြစ်လဲ ကိစ္စမရှိဘူးလေ… အနားမှာ Yo ရှိနေတာပဲ…! Yoက ကိုယ့်ကို ဂရုစိုက်ပေးမယ် မဟုတ်လား…!

Yo-- အင်း…! ဒီတစ်ခါ ဆေးရုံမသွားချင်တဲ့ P'ကို အပ်ကြီးကြီးနဲ့ ဆေးထိုးခိုင်းရမယ်…

Pha--ကိစ္စမရှိပါဘူး…! ဒီတခါလဲ ကြောက်လို့ ဘေးနားလာအိပ်ရင် နောက်တစ်ခါ ထပ်ခိုးနမ်းရ တာပေါ့…!

Yo-- ဟမ်…!!

ကျွန်တော် ကြောင်တောင်တောင်နဲ့ P'Phaကို ကြည့်လိုက်တယ်…ဘာပါလိမ့်…!! P'Phaကတော့ ပြုံးစိစိကြီးနဲ့ ကားကိုဘဲ ဆက်မောင်းနေတယ်… ကျွန်တော် တစ်ယောက်တည်း ယောင်လည်လည် ဖြစ်နေတုန်း P'Phaက ဆက်ပြောတယ်…

Pha-- မနက်စာကို ဘာစားမလဲ Yo…!
Yo-- အင်း… P'စားချင်တာ စားမယ်လေ…
Pha-- Yo နဲ့ အပြင်မှာ ထွက်မစားရတာ ကြာပြီနော်…
Yo-- အင်း…! ပျော်စရာကြီးနော်…!
Pha-- ကိုယ်နဲ့ အတူရှိနေရင် ပျော်ရဲ့လား Yo…?
Yo-- ပျော်တယ်… ကျွန်တော် အမြဲတမ်း P'နားမှာပဲ နေချင်တာ!

Pha-- ကိုယ့်အပေါ် အဲလောက်တောင် အလေးထားလား Yo…

P'Phaရဲ့ စကားကြောင့် ကျွန်တော့်မျက်နှာတွေ ပူပြီးနီရဲလာမယ်ထင်တယ်… ရှက်ပြုံးတစ်ခုကို မသိမသာပြုံးရင်း ခေါင်းငုံ့ထားလိုက်တယ်…

မနက်စာကို P'Phaနဲ့ အမြဲတမ်း အတူတူစားချင် မိတာ ကျွန်တော့်ဆုတောင်းတစ်ခုပါပဲ. မနက်ခင်း အစမှာ P'Phaနဲ့အတူရှိရတာ ကျွန်တော့် အတွက်တော့ သာယာပြီး ကြည်နူးဖို့ကောင်းတယ် လို့ ထင်မိပါတယ်…

Companyရှေ့ရောက်တော့ P'Phaက ကားပါကင်ထိုး ပြီး ကားပေါ်က မဆင်းသေးဘဲ ကျွန်တော့်ဘက်ကို လှည့်လာတယ်…

Pha-- Yo…! P' …Yo ကိုပေးစရာရှိသေးတယ်…
Yo-- ဟင်… ဘာပေးမလို့လဲ…?

ကျွန်တော် ကြောင်တောင်တောင်နဲ့ လှည့်မေးရင်း ကြည့်နေတုန်း P'Phaက ကျွန်တော့်နှုတ်ခမ်းပေါ်  အမြန်နှုန်းနဲ့ ဖိနမ်းပြီး …

Pha-- Morning Kissလေ!

ပြောပြီးတာနဲ့P'Pha ကားပေါ်က ဆင်းသွားတယ်… သေစမ်း!! ရင်တွေ ခုန်လိုက်တာ…!! ရှက်လွန်းလို့ မျက်နှာကို ဘယ်နားထားရမှန်း မသိတော့… ကျွန်တော် လဲကားပေါ်က ဖြေးဖြေးချင်းဆင်းရင်း လျှောက်သွားလိုက်တယ်. P'Phaက စနောက်နေသလို ပြုံးရင်း ကျွန်တော့် ပခုံးကို လှမ်းဖက်ရင်း  Companyထဲဝင်လာလိုက်တယ်… Lobbyရောက်တော့ P'Phaက ကျွန်တော့်ကို ဖက်ထားရင်းကျွန်တော့်ကိုယ်ကို သူ့နား ဆွဲကပ် လိုက်တယ်… လူတွေနဲ့ ဝန်ထမ်းတွေ အများကြီး ရှိပေမယ့် ကျွန်တော်တို့ကို ဘယ်သူမှ သေချာ သတိမထားမိကြပါဘူး…

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now