Yo-- ငါသွားတော့မယ်… မင်းလဲ အကြောင်းရှိရင် ဖုန်းဆက်! ထပ်သောက်မနေနဲ့ဦး…!
Ming-- အေးပါ…! မင်းဘာသာမင်းပဲ ဂရုစိုက်! P'Phaက မင်းလို ပိုးတုံးလုံးကို ဘယ်လို ကြည့်ကောင်းအောင် ပြင်ထားလဲဆိုတာ တွေးပြီး ရယ်နေမှာ မြင်ယောင်နေတယ်…
Yo--ခွေးကောင်…@#$%&##&@!!
ပိုးတုံးလုံးတဲ့ !! လူကိုများ… ကျွန်တော်က ယောကျာင်္းလေးပီပီ အသားညိုညို… တောင့်တောင့် တင်းတင်း မရှိဘဲ အမြဲ အားနည်းတဲ့ ပိုးဟပ်ဖြူ လေးလို လူကောင်သေးသေးနဲ့မို့လို့ Mingအမြဲတမ်း ကျွန်တော့်ကို စနောက်နေတတ်ပါတယ်… ကျွန်တော် ကိုယ်တိုင်လဲ အံ့သြမိတယ်… ကျွန်တော့်လို ပြည့်စုံတဲ့ အသွင်အပြင်မရှိတဲ့သူကို P'Pha ဘာလို့ ရွေးချယ်ရတာလဲ… တခါတလေ P'Phaက ကျွန်တော့်ထက် အများကြီးသာတဲ့ မိန်းကလေးနဲ့ သင့်တော်တယ်ဆိုပြီး တွေးမိပါတယ်… ဒါကြောင့် ဖွင့်ပြောမယ့်အစား ဒီထက်ပိုပြီး P'Pha အတွက် ပြည့်စုံတဲ့ ချစ်သူရှိလာမယ့်အချိန်ကို ရင်နာနာနဲ့ စောင့်ခဲ့ပေမယ့်… P'Phaရဲ့ အချစ်ကို ကျွန်တော်က သိမ်းပိုက်နိုင်ခဲ့တယ်… P'Phaရဲ့မျက်ဝန်းရိပ်တွေက လိမ်နေတာ လုံးဝ မဟုတ်မှန်း ကျွန်တော် ရိပ်မိပါတယ်၊ မမျှော်လင့်ရဲတဲ့ အချစ်တွေက အရင်ကတည်းက ကျွန်တော့်အတွက် ရှိပြီးသားတဲ့…! ဒါကြောင့် စစ်မှန်တဲ့ အချစ်ကို ကျွန်တော် ယုံကြည်တယ်…
ကားတံခါးကို ဆွဲဖွင့်လိုက်ပြီး ကားပေါ် တက်လိုက်တယ်… အရင်တိုင်းပဲ ကျွန်တော့်ကို P'Phaက အသားပြုံးရင်းကြည့်လိုက်တယ်…
Pha-- Morning Yo!
Yo-- Morning!
ဘာမှဆက်မပြောဖြစ်ပဲ ကားကိုသာမောင်းနေတဲ့ P'Phaနဲ့ ကျွန်တော့်ကြားက ကို့ရို့ကားယား စကားက ရပ်တန့်သွားတယ်… ကျွန်တော် ကိုယ်တိုင်လဲ ဘာပြောရမှန်းမသိ… ရှက်ရွံ့နေမိတယ်…
Pha-- ညက အိပ်လို့ပျော်ရဲ့လား Yo…?
Yo-- ဗျာ… ဟုတ်!
Pha-- ကိုယ်တော့ အိပ်မပျော်ခဲ့ဘူး… အိမ်မက် မက်နေတယ် ထင်နေလို့ မအိပ်ရဲဘူး… တော်ကြာ နိုးလာရင် တကယ်အိမ်မက် မက်နေတာ ဖြစ်မှာစိုးလို့…!
P'Pha စကားကြောင့် ကျွန်တော် P'Phaကို လှမ်းကြည့်လိုက်တယ်… တကယ်လဲ မျက်တွင်းတွေ ညိုပြီး ချောင်ကျနေပါတယ်… နည်းနည်းတော့ စိတ်ပူသွားမိတယ်…
KAMU SEDANG MEMBACA
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
Fiksi PenggemarThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...
I'm not Ready... Part-1
Mulai dari awal
