🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑
ဖုန်းမြည်သံကြောင့် ကြယ်သီးတပ်ရင်း ကပျာကယာ ကောက်ကိုင်လိုက်တယ်…
Yo--Hello…!
Pha-- Yo… P'… ရောက်ပြီ!
Yo-- ကျွန်တော် အခုဆင်းလာခဲ့မယ်နော်… ခဏလေးစောင့်!
ဖုန်းကို အလျင်စလိုချလိုက်ပြီး မှန်ရှေ့ ထပ်ရပ်လိုက်တယ်… ဆံပင်နဲ့ အဝတ်အစားတွေက အဆင်ပြေပါတယ်… အိပ်ရေးမဝလို့ မျက်တွင်းလေး ချောင်ပြီး ကြည့်ရဆိုးနေတာလေးကလွဲလို့ပေါ့… စိတ်တိုင်းမကျသေးဘဲ မှန်ရှေ့ အမျိုးမျိုး ပြင်နေမိတုန်းပဲ… ဝတ်နေကျ ပုံစံအတိုင်း ဝတ်ထားရလို့ P'Phaရှေ့မှာ ကြည့်ကောင်းအောင် ပြင်ဆင်ခွင့် မရှိပါဘူး… ဆံပင်ပုံကလဲ အရမ်း မသေမသပ်များ ဖြစ်နေမလား မသိ… မသိ…
Ming-- မင်းဒီနေ့ ဘယ်လို ဖြစ်နေတာလဲ??
ဘယ်အချိန်က ရောက်လာမှန်းမသိဘဲ ရုတ်တရတ် မေးလိုက်တဲ့ Ming ကြောင့် ကျွန်တော် လန့်သွားတယ်…
Yo--ဘာဖြစ်နေလို့လဲ…?
Ming--မှန်ရှေ့မှာ ကိုယ့်ကိုကိုယ် ပြင်နေတာ မပြီးတော့ဘူး…! ဒီနေ့ မင်းပြီးဦးမှာလား…? ဘာလို့ အဲလောက်တောင် ကြည့်ကောင်းချင်နေရတာလဲ…? ဟမ်…!!!
Mingစကားကြောင့် ကျွန်တော် အယောင်ယောင် အမှားမှားနဲ့ စကားတွေဝေ့လည်ကြောင်ပတ် ပြောရင်း တိုင်ပါတ်နေမိတော့တယ်…
Yo-- ကြည့်ကောင်းနေချင်တာပေါ့…! ဘယ်သူက ကိုယ့်ကိုကိုယ် ကြည့်ရဆိုးအောင် နေလို့လဲ…
Ming--မဟုတ်သေးဘူး… မင်းက ပုံမှန်ကို… မဟုတ်ဘူး…! P'Phaရှေ့မှာ အဲလောက်တောင် ကြည့်ကောင်းချင်နေတာ ဘာကြောင့်လဲ…??
Yo-- မင်းကလဲ… ဒါမှ… P'Pha ငါ့ကို သတိထားမိမှာပေါ့…
Ming-- ဒါကြောင့် ဖွင့်ပြောလိုက်ပါလို့ ပြောလဲ ဂရုမစိုက်ဘူး… ကြာရင် P'Pha တခြားတစ်ယောက်ဆီ ပါသွားတော့မယ်…!!
Mingစကားကြောင့် ကျွန်တော် ရယ်ချင်မိတယ်… ပြုံးစိစိလုပ်ရင်း အိတ်ကိုကောက်ကိုင်ကာ …
Yo-- အဲလို ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး…! P'Phaက ငါပိုင်တဲ့သူပဲ ဖြစ်လာမှာ…
Ming--သိပ်ပြီး ယုံကြည်ချက်တွေ လွန်ကဲနေပါလား…! ဒီလိုပြောရလောက်အောင် တစ်ခုခုတော့ တစ်ခုခုပဲ…
YOU ARE READING
လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓
FanfictionThe best story for my own creation ... Pha-- ဂုဏ်တွေဒြပ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ လူချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်တယ် ဆိုတဲ့ ကောင်လေး... Yo-- တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအချမ်းသာဆုံး မိသားစုအနွယ်ဝင်တစ်ယောက် ... အလိုလိုက်ခံရပြီး ကလေးတစ်ယောက်လိုပဲ ေ...
I'm not Ready... Part-1
Start from the beginning
