I'm not Ready... Part-1

Start from the beginning
                                        

Ming-- ငါမျက်စိနဲ့ တပ်အပ်မြင်ခဲ့တာကို ထပ်ပြီး သေချာအောင်မေးရဦးမှာလား…? P'Kit ရဲ့ပါးစပ်ကနေပြီး ဟုတ်တယ်ဆိုတဲ့အဖြေကို ရင်နာနာနဲ့ နားထောင်ရဦးမှာလား… Yo… ငါ နာကျင်နေပါပြီ… အသဲတွေလဲကွဲနေရပြီ… ဒီထက်ပိုပြီး မျက်စိမှိတ် မငြင်းချင်တော့ဘူး…

Yo-- ဘယ်တတ်နိုင်မလဲ Ming! ကိုယ်က ချစ်ရတဲ့သူပဲ… လွယ်လွယ်နဲ့လက်လွှတ်ဖို့ မလွယ်ကူဘူးဆိုတာ ငါကိုယ်ချင်းစာနိုင်တယ်… ဆိုင်သူရှိနေရင်တောင် ကိုယ်ချစ်တဲ့သူရဲ့ အပြုံးတစ်ခုနဲ့ လဲပြီး အရာရာပေးဆပ်ရဲရမယ်လေ… နာကျင်မယ်ဆိုရင်တောင် သူပျော်တာ ကြည့်ပြီး မင်းလဲ ပြုံးနိုင်အောင် လေ့ကျင့်ရမယ်လေ… ဒီလိုနဲ့ အဆုံးသတ်ဖို့ဆိုတာ မဖြစ်သင့်ဘူး… သူ့ကို မျှော်လင့်တဲ့ မင်းရဲ့ရည်ရွယ်ချက်ကို လမ်းမပျောက် စေနဲ့… မင်းရဲ့အချစ်သာစစ်မှန်ရင် P'Kit မင်းရဲ့ ခံစားချက်တွေကို လျစ်လျူ မရှုထားနိုင်ပါဘူး… မင်းရဲ့အချစ်ကို မင်းယုံကြည်လိုက်ပါ Ming! လိုချင်တာကို ရအောင်ယူတတ်တဲ့ မင်းအကျင့်က ဘယ်ရောက်သွားပြီလဲ Ming! P'Kit တခြားရင်ခွင်ထဲမှာ ပျော်နေမှာကို မင်းကြည့်နေမယ့် အစား မင်းရင်ခွင်ထဲ ရောက်လာအောင် အစွမ်းကုန် ကြိုးစားလိုက်စမ်းပါ… မင်းက ငါ့ထက် ဇွဲကောင်းတယ်ဆိုတာ ငါသိပါတယ်…!

ကျွန်တော့်စကားကြောင့် Mingမျက်လုံးတွေ အရောင်ပြန်လက်လာတယ်… စိတ်တွေ စုစည်းပြီး သေချာစဉ်းစားနေသေးတယ်… နောက်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်မှန်းသိရင် သတ္တိရှိရှိနဲ့ ရှေ့တိုးဖို့ ရဲရင့်လိုက်ပါMing! ကျွန်တော် သူ့ပခုံးကို ပုတ်ရင်း အားပေးလိုက်ပြီး ရေချိုးခန်းထဲ ဝင်လိုက်တယ်… Mingတစ်ယောက် ရှေ့ဆက်ဖို့ အရှိန်ယူနေလောက်ပြီထင်တယ်… ကျွန်တော် ကိုယ်တိုင်လဲ P'Phaအပေါ် လက်လျှော့ဖို့အထိ ဆုံးဖြတ်ခဲ့ပေမယ့် P'Phaရဲ့ နူးညံ့တဲ့ အပြုံးနဲ့ မလဲနိုင်တဲ့အတွက် နာကျင်တာကို သည်းခံပြီး အနားမှာ အတင်းခိုကပ်နေခဲ့တာ… ကျွန်တော့်ရဲ့ အချစ်တွေ စစ်မှန်လို့သာ P'Pha ကျွန်တော့်ဆီ တူညီတဲ့ မေတ္တာတုန့်ပြန်တာပေါ့… ကျွန်တော် ဘယ်တုန်းကမှ နောင်တမရခဲ့သလို ဘယ်တော့မှလဲ နောင်တရမိမှာ မဟုတ်ပါဘူး…

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now