I'm not Ready... Part-1

Start from the beginning
                                        

Yo-- ဘာတွေဖြစ်ခဲ့တာလဲ Ming! မင်း… ဘာကြောင့် ဒီလောက် ကြေကွဲနေရတာလဲ? P'Kit က မင်းကို ငြင်းလိုက်ပြီလား…?

Ming-- P'Kit ငါ့ကို အရှုးလုပ်နေတာ… သူ့အပေါ်ထားတဲ့ ငါ့ခံစားချက်တွေကို P'Kit ကစားနေတာ… ငါက အရမ်းမျှော်လင့်နေမိတာ… အခုတော့… ငါခံစားနေရပြီ…

Yo-- ဘာဖြစ်လို့လဲMing?

ကျွန်တော့်ကို အကြောင်းစုံပြောပြရင်း တကယ်ခံစား နေရတဲ့ Ming ကြောင့် စိတ်လေမိတယ်… ပေါ့ပေါ့ပါးပါးနဲ့ ဘယ်တော့မှ အချစ်ဆိုတာကို အလေးမထားတတ်ခဲ့တဲ့ Ming က P'Kit ဆိုတဲ့ ဆရာဝန်လေးကြောင့် နာကျင်တတ်ခဲ့ပြီ… အသွင်မတူတဲ့ စရိုက်တွေကြောင့် ကျွန်တော် အရမ်းအံ့အားသင့်ခဲ့ရသလို စဖို့တောင် မကြံစည်ရသေးတဲ့ ဇာတ်လမ်းက တစ်ဝက်တစ်ပျက်မှာ ပြီးဆုံးသွားပြီလို့ သိရတော့လဲ ထပ်ပြီး အံ့သြစေပါတယ်… Mingအတွက် တကယ် စိတ်မကောင်းဖြစ်မိရုံကလွဲပြီး ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ… ကျွန်တော့်သူငယ်ချင်း ဖြစ်တဲ့ Mingက အရာရာတိုင်းမှာ ကျွန်တော့်ထက် သန်မာတယ်လို့ ထင်ရပေမယ့် ငယ်ပေါင်းတွေ ဖြစ်တဲ့ ကျွန်တော်က Ming ရဲ့အားနည်းချက်ကို သိပါတယ်… မိသားစုပြိုကွဲခဲ့တဲ့ Ming ရဲ့မိသားစု ဘဝလေးက Ming ကို အချစ်စစ်ဆိုတာ မရှိနိုင်ဘူးလို့ အတွေးဝင်စေခဲ့တယ်… သူ့ဘဝမှာ အရာရာ ပြည့်စုံနေပေမယ့် ငတ်မွတ်နေတဲ့ မေတ္တာအချစ်တွေကို ဘယ်မှာမှ ဝယ်မရခဲ့ပါဘူး…  ဒါကြောင့်လဲ မိန်းကလေးတွေ ထည်လဲတွဲရင်း ဘဝကိုပျော်ပျော်ပဲ နေခဲ့ပြီး ဖြတ်သန်းခဲ့ပေမယ့် သူ့ရင်ထဲမှာ တကယ်တမ်း ချစ်ရမယ့်သူ ပေါ်လာတော့ သူ့ရဲ့ခံယူချက်တွေ အားလုံးပြောင်းပြီး မျှော်လင့်ကြီးစွာနဲ့ စိတ်ရှည်စောင့်စားရတာကို ပျော်နေတဲ့သူပါ… ကံဆိုးစွာနဲ့ ကျွန်တော့်သူငယ်ချင်း အတွက်ရလဒ်မကောင်းခဲ့ပြန်ဘူး… နဂို အကျင့်စရိုက်နဲ့ ပြောင်းပြန် တက်ကြွပြီး ယုံကြည်ချက် အပြည့်ရှိနေတတ်တဲ့ သူ့ပုံစံက ပြောင်းလဲသွားပါတယ်… အရာရာ ဆုံးရှုံးပြီး မျှော်လင်ချက် မဲ့နေသလို သူ့မျက်ဝန်းတွေက အရောင်မှိုင်းနေပါတယ်…

Yo--ငါလဲ စိတ်မကောင်းပါဘူးMing…! ဒါပေမယ့် P'Kitကို ထပ်ပြီး သေချာတဲ့အဖြေ တောင်းသင့်တယ်… မင်းမြင်ခဲ့တာတွေက အဖြေမှန် မဟုတ်ဘူးဆိုရင်ရော…

လမင်းတစ်စင်းရဲ့ ကောင်းကင်💓💓Where stories live. Discover now