1.3K 55 10
                                    

ကုိယ္က သူမ်ားကို
ဘာမလုပ္ေပးနိုင္လို႕ ဆိုျပီး
အျပစ္တင္ဖို႕ စဥ္းစားမိခ်ိန္မွာ

ကိုယ္ကေရာ သူ႕အတြက္
ဘာလုပ္ေပးခဲ႕ဖူးလဲ လို႕
တစ္ခ်က္ျပန္ေတြးမိတယ္

ကိုယ့္အဘိဓာန္ထဲက သူ႕လုပ္ရပ္ဟာ
သူ႕အဘိဓာန္ထဲမွာလည္း
ကိုယ့္လုပ္ရပ္ျဖစ္ေနနိုင္တာပဲ …

ကိုယ္ လိုအပ္တဲ႕အခ်ိန္က် ဘယ္သူမွမရွိၾကဘူးလို႕
တစ္ဖက္သတ္ေတြးလိုက္တိုင္း
သူလိုအပ္တဲ႕အခ်ိန္က်
ကိုယ္ေတာင္မသိလိုက္တာမ်ိဳးလည္း ရွိနိုင္တာပါပဲ

Social Media ေပၚက စာတိုေတြက
ကိုယ့္လတ္တေလာ ခံစားခ်က္ေတြကို
တြန္းအားေပးနိုင္ေကာင္းေပးနိုင္တယ္
လူတစ္ေယာက္ရဲ႕ ေကာင္းခဲ႕ဖူးတဲ႕
အတိတ္လုပ္ရပ္ ေတြကိုေမွးမွိန္သြားေစနိုင္တယ္

ကိုယ္တစ္ေယာက္တည္းလို႕ ထင္ေနၾကတာကိုက
ဒီတစ္ကမ႓ာလံုး မွားေနၾကတာပါပဲ …

- 181026 -


ကိုယ်က သူများကို
ဘာမလုပ်ပေးနိုင်လို့ ဆိုပြီး
အပြစ်တင်ဖို့ စဉ်းစားမိချိန်မှာ

ကိုယ်ကရော သူ့အတွက်
ဘာလုပ်ပေးခဲ့ဖူးလဲ လို့
တစ်ချက်ပြန်တွေးမိတယ်

ကိုယ့်အဘိဓာန်ထဲက သူ့လုပ်ရပ်ဟာ
သူ့အဘိဓာန်ထဲမှာလည်း
ကိုယ့်လုပ်ရပ်ဖြစ်နေနိုင်တာပဲ …

ကိုယ် လိုအပ်တဲ့အချိန်ကျ ဘယ်သူမှမရှိကြဘူးလို့
တစ်ဖက်သတ်တွေးလိုက်တိုင်း
သူလိုအပ်တဲ့အချိန်ကျ
ကိုယ်တောင်မသိလိုက်တာမျိုးလည်း ရှိနိုင်တာပါပဲ

Social Media ပေါ်က စာတိုတွေက
ကိုယ့်လတ်တလော ခံစားချက်တွေကို
တွန်းအားပေးနိုင်ကောင်းပေးနိုင်တယ်
လူတစ်ယောက်ရဲ့ ကောင်းခဲ့ဖူးတဲ့
အတိတ်လုပ်ရပ် တွေကိုမှေးမှိန်သွားစေနိုင်တယ်

ကိုယ်တစ်ယောက်တည်းလို့ ထင်နေကြတာကိုက
ဒီတစ်ကမ္ဘာလုံး မှားနေကြတာပါပဲ …

- 181026 -

My Medley ♨Where stories live. Discover now