" ဆယ်... ဆယ်ဟွန်းကော......"
" အိမ်အနောက်မှာ ရှိတယ် ဘာဖြစ်လာတာလဲ ကလေး"
မာမီရဲ့အမေးကိုတောင်ဆုံးအောင်နားမထောင်ဘဲ
အိမ်အနောက်ဘက်ကို တချိုးထဲပြေးတော့သည်။
အိမ်အနောက်ဘက်က ပန်းပင်တွေအနားမှာရှိနေတဲ့
ထိုင်ခုံပေါ်မှာ ဆယ်ဟွန်းကခြေချိတ်ကာထိုင်နေတယ်၊
ဆွယ်တာအဖြူလက်ရှည်လေးနဲ့ ငြိမ်ငြိမ်လေးထိုင်
နေတဲ့ ဆယ်ဟွန်းရဲ့အနားကို ပြေးရာကနေ ပုံမှန်သော
ခြေလှမ်းတွေပြောင်းကာ တဖြည်းဖြည်းတိုးကပ်သွား
လိုက်တယ် ။ တကယ်ပါပဲ။ဒီအခြေအနေကြီးကစိမ်း
သက်သလိုခံစားရလိုက်တာ။နည်းနည်းလေးတောင်
မကြိုက်ဘူး ။" ဟာ ......အချစ် အချစ်ကွာ "
ရုတ်တရတ်ဆယ်ဟွန်းက ကျွန်တော့်ဘက်ကိုစောင်း
ကြည့်လာပြီး ပါးစပ်အဟောင်းသားနဲ့အံ့သြရိပ်တွေနဲ့
မင်သက်သွားပြီးနောက် စိတ်မကောင်းဖြစ်စွာနဲ့
'အချစ်ကွာ´လို့တိုးတိုးလေးညည်းညူလိုက်တော့
သည် ။ အမောတကောနဲ့ပြေးလာတဲ့ ကျွန်တော့်ပုံစံ
ကြောင့် သူ့မျက်နှာထက်ကအရိပ်အယောင်တွေက
သူ့ကိုယ်သူအပြစ်တင်တဲ့အရိပ်အယောင်တွေထင်ဟပ်
လာတယ် ။ တွေ့လား ။ ကျွန်တော်ကတခုခုဆိုသူက
အရင်ဆုံးသူ့ကိုယ်သူပဲပြန်အပြစ်တင်တက်တာ။
ကျွန်တော့်ဘက်ကမှားတာပဲဖြစ်နေပါစေ သူကတော့.သူ့ကိုယ်သူပဲပြန်အပြစ်တင်လေ့ရှိတယ် ။" ဘယ်လိုတွေဖြစ်လာတာလဲ အချစ်ရာ
ဖိနပ်ကြိုးတွေလဲပြေလို့ကွာ"ဆယ်ဟွန်းကကျွန်တော့်ဆီကိုတန်းတန်းမတ်မတ်
လျှောက်လာတယ် ။ ပြောင်ရှင်းနေကာကြည့်ကောင်း
လှတဲ့သူ့မျက်နှာကို ငေးကြည့်ရင်း အားနာစွာနဲ့ခေါင်း
ငုံ့ချလိုက်မိတယ် ။ ဖြတ်ခနဲတွေ့လိုက်ရတာကဆယ်ဟွန်းရဲ့အပြုံးတချက်ပါပဲ။ ဆယ်ဟွန်းက ကျွန်တော့်ရှေ့မှာဒူးတဖက်ထောက်
ချလိုက်ပြီး ဖိနပ်ကြိုးတွေဆီလက်ကရောက်လာတော့
သည် ။ ဂရုတစိုက်နဲ့သေသေချာချာဖိနပ်ကြိုးတွေကို
ချည်ပေးနေတဲ့ဆယ်ဟွန်းကိုငုံ့ကြည့်ရင်း အားနာစိတ်
တွေကအလုံးအရင်းဝင်ရောက်လာတော့သည် ။
[TWENTY-SEVEN ]
Start from the beginning