Announcement

1.4K 79 23
                                    

Giveaway winner တွေကို ဒါအွန်း ကြေညာမယ်နော်။ Atlantic စာအုပ်ငါးအုပ်ကို လက်ဆောင်ရတဲ့ နံပါတ်တွေက

No 1
No 7
No 15
No 21
No 24

ဒါအွန်းသဘောကျ ရွေးချယ်ထားတဲ့ comment ပိုင်ရှင် သုံးဦးကိုတော့ Atlantic စာအုပ်အပြင် တခြားသော စာအုပ်နှစ်အုပ်စီလည်း လက်ဆောင်ပေးသွားမှာပါ။

No 9
No 6
No 17

ဒါအွန်း လက်ဆောင်အဖြစ်ပေးမယ့်စာအုပ်တွေက
၁။ တက္ကသိုလ်အေးမြစန္ဒာ - တို့တွေရဲ့မနက်ဖြန်
၂။ မစန္ဒာ - စိမ်းရွက်သစ်တဝေဝေ
၃။ စိန်ဝင်းစိန် - ပေါ်လီယာနာ
၎။ ဂျာနယ်ကျော်မမလေး - အဖြူ
၅။ ဂျာနယ်ကျော်မမလေး - မေ့အိပ်မက်
၆။ ကြည်အေး - ဤမာန

အားလုံးက ဒါအွန်း စုဆောင်းထားတဲ့ စာအုပ်တွေပါ။ ဒါအွန်းရဲ့ နာမည်၊ လက်မှတ်နဲ့ စာအုပ်ဝယ်ယူခဲ့တဲ့ ရက်စွဲကလွဲရင် စာအုပ်တွေက အသစ်အတိုင်းပါနော် (ကိုယ်စာသိပ်ဖတ်ကြောင်း ကြွားတာ😂) စာရွက်မစုံလင်တာမျိုး မရှိစေရပါဘူးလို့။ ကံကောင်းသွားတဲ့ နံပါတ်လေးတွေ ဆက်သွယ်ပါနော်။

တဆက်တည်းမှာပဲ ဒါအွန်းကြေညာစရာလေးရှိပါတယ်။ အဲ့ဒါက Instagram နဲ့ Facebook က community လေးပါ။ Instagram မှာဆို stardust_community လို့ ရှာလို့ရပြီး Facebook page ကတော့ StarDust ပါ။

တဆက်တည်းမှာပဲ ဒါအွန်းကြေညာစရာလေးရှိပါတယ်။ အဲ့ဒါက Instagram နဲ့ Facebook က community လေးပါ။ Instagram မှာဆို stardust_community လို့ ရှာလို့ရပြီး Facebook page ကတော့ StarDust ပါ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒါအွန်းတို့ ရေးတဲ့ စာအတိုအစဆိုတာ Pinterest နဲ့ Insta မှာ ရေပန်းစားလူကြိုက်များခဲ့တာ ကြာပြီဖြစ်ပေမယ့် ဒါအွန်းတို့ဘက်ကို ယခုတလောပိုင်းမှ ပျံ့နှံ့လာတယ်လို့ ယူဆလို့ရပါတယ်။ အဲ့ဒါကြောင့် ဒီလို စာအတိုအစဆိုတာလည်း တန်ဖိုးရှိကြောင်း၊ ဒီလိုစာမျိုးလေးတွေလည်း ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒါအွန်းတို့ ရေးတဲ့ စာအတိုအစဆိုတာ Pinterest နဲ့ Insta မှာ ရေပန်းစားလူကြိုက်များခဲ့တာ ကြာပြီဖြစ်ပေမယ့် ဒါအွန်းတို့ဘက်ကို ယခုတလောပိုင်းမှ ပျံ့နှံ့လာတယ်လို့ ယူဆလို့ရပါတယ်။ အဲ့ဒါကြောင့် ဒီလို စာအတိုအစဆိုတာလည်း တန်ဖိုးရှိကြောင်း၊ ဒီလိုစာမျိုးလေးတွေလည်း ရေးကြပါကြောင်း၊ ဖတ်လို့ရပါကြောင်း လူတွေကို ပြောပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒါအွန်း ဒီ community လေးကို ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။ တစ်ယောက်အားထက် အများအားက ပိုထက်သလို ဒီ community လေးမှာ ဒါအွန်း အပါအဝင် အခြားသော စာရေးသူတို့ကလည်း featured writer အဖြစ် ပါဝင်ပါသေးတယ်။

Featured writer ဆိုတာကတော့ သူဖန်တီးသမျှ လက်ရာတွေကို community ကနေ အမြဲ တင်ပေးသွားမယ့်သူကို ခေါ်ပါတယ်။ Community ရဲ့ featured writer တွေကတော့
- 4oems
- Gorgeoustulip
- Shinpallerdream
- Ume_Sue
- Treasach
- Zam
- GeeYeol4
- Aemberinine
- shirokawasan
- Moriarty143
- DAUM တို့ဖြစ်ပါတယ်။

ဒီ featured writer တွေရဲ့ စာစုတွေကို community မှာ အမြဲ တင်ပေးသွားမှာဖြစ်ပါတယ်။ Community နဲ့ writers တွေကြားမှာ ဘာစည်းကမ်းသတ်မှတ်ထားခြင်းမှ မရှိပါဘူး။ writers တွေ ဖန်တီးသမျှ Community က ဝေမျှခြင်းသာဖြစ်ပါတယ်။ Community အောက်မှ စာအုပ်ထုတ်ဖြစ်ခဲ့သည်ရှိရင် featured writers တွေကိုပဲ ဆက်သွယ်မှာဖြစ်ပါတယ်။

Community ရဲ့ Featured writer တစ်ယောက်ဖြစ်ချင်လျှင် Instagram မှာ stardust_community ကို Tag ပြီး မိမိရဲ့ ရေးသားသော စာတွေကို တင်ပေးလို့ရသလို Facebook Page ရဲ့ visitor post မှာလည်း လာရေးပေးလို့ရပါတယ်။ ဒါအွန်းတို့ Admin တွေက ရွေးချယ်ပြီး သဘောကျတဲ့ စာတွေကို တင်ပေးသွားမှာပါ။ စာစုဆယ်ပုးနှင့်အထက် ဖော်ပြခံရသူကို Community ရဲ့ Featured writer အဖြစ် ထားရှိပေးသွားမှာပါ။ အကယ်၍ သဘောကျတဲ့ စာရေးသူများရှိခဲ့ရင်လည်း mention ပေးလို့ရပါတယ်။ ဒါအွန်းတို့ community ကနေ ဆက်သွယ်ဖိတ်ခေါ်ချင်ပါတယ်။

နောက်ထပ် ပြောချင်သေးတာတစ်ခုက stardust_community ရဲ့ featured writer သုံးယောက်ဖြစ်တဲ့ Shinpallerdream . Ume-Sue နဲ့ DAUM တို့ရဲ့ Mnemophobia ဆိုတဲ့ စာအုပ်လေးကို ဒုတိယအကြိမ်ပြန်ပုံနှိပ်တော့မှာဖြစ်ပါတယ်။ ဒီစာအုပ်ကလေးက Stardust Community အောက်မှ ထုတ်ဝေတာဖြစ်ပါတယ်။ အဲ့ဒါလေး အသိပေးချင်တာပါ။

ပြောချင်တာ အရမ်းများသွားတော့ စာရှည်သွားလား မသိဘူးနော်။ Lucky number တွေ ဒါအွန်းကို မြန်မြန်လေးဆက်သွယ်ပါနော်။

အားလုံးပဲ ကောင်းသောနေ့ဖြစ်ပါစေ

BibleWhere stories live. Discover now