Giveaway

1.1K 91 57
                                    

안녕! 다운이에요!

အားလုံးလည်း သိမှာပါ။ ဒါအွန်းတို့ရဲ့ Atlantic လေးဟာ မကြာခင် အချိန်တွင်းမှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။ ဒါအွန်းရဲ့ စာတွေကို ဖတ်ပေးသူတွေထဲမှာ အဲ့ဒီစာအုပ်လေးအကြောင်း မသိလိုက်သူတွေလည်း ရှိနေမှာပါ။ သိလျက်နဲ့ မမှီလိုက်သူတွေလည်း ရှိနေမှာပါ။ အဲ့ဒီ့သူတွေကို ဒီက ဒါအွန်းက လက်ဆောင်အဖြစ်ပေးချင်ပါတယ်။

လက်ဆောင်ပေးမယ့် စာအုပ်အရေအတွက်က ငါးအုပ်ပါ။ မဲနှိုက်ပြီး တစ်ယောက်ကို တစ်အုပ်နှုန်းပဲပေးမှာပါ။ နံပါတ်စဉ်တပ်ပြီး comment ပေးခဲ့ပါ။ နံပါတ်စဉ်လေးတော့ မှန်အောင်တပ်ပါနော်။ ထပ်နေခဲ့ရင် အပေါ်က သူကိုပဲ အတည်ယူမှာပါ။ နံပါတ်စဉ်နဲ့အတူ စာအုပ်လေးကို လိုချင်ရတဲ့အကြောင်းအရင်းလေးကိုရော ရေးခဲ့ပေးပါ။ စာအုပ်လက်ဆောင်လေးရဖို့ စည်းကမ်းချက်တွေ၊ ကန့်သတ်ချက်တွေမရှိပါဘူး။ မည်သူမဆိုပါနော်။ စာအုပ်လေးကို ချစ်သော တကယ်လိုချင်သော မည်သူမဆိုပါ။ ဒါအွန်းစာတွေမဖတ်ဖူးပေမယ့် ဒါအွန်းကို မသိပေမယ့် အခြားသော ရယ်ဇာ့ရဲ့စာတွေ၊ Zam ရဲ့ စာတွေကြောင့် လိုချင်တာဆိုလည်း ရပါတယ် စိတ်မဆိုးပါဘူး။ အဓိကကတော့ စာအုပ်လေးကို တကယ် ချစ်ပေး၊ မြတ်နိုးပေးနိုင်တဲ့သူဖြစ်ရင် ရပါတယ်။ ဒီတော့ သူငယ်ချင်းတွေထဲက လိုချင်တဲ့သူရှိရင်လည်း အသိပေးပေးလို့ရပါတယ်။

အကယ်၍ ဒီငါးအုပ်ကို ကံမကောင်းလို့ မရခဲ့ရင်လည်း စိတ်မကောင်းမဖြစ်ပါနဲ့နော်။ comment တွေထဲက ဒါအွန်းသဘောကျရတဲ့ comment သုံးခုကိုလည်း နောက်ထပ် Atlantic စာအုပ်အပြင် ဒါအွန်းရဲ့ book collection ထဲက စာအုပ်တွေကိုပါ လက်ဆောင်ထပ်ပေးသွားမှာပါ။

လက်ဆောင်ရသွားတဲ့ လူတွေကို တနင်္လာနေ့မှာ ဒါအွန်း ပြန်ပြောမယ်နော်။ ဒီအချိန်ထိ အတူတူရှိပြီး အားပေးသူ ချစ်ပေးသူ အယောက်စေ့တိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ မေတ္တာများနဲ့ အေးချမ်းရပါတယ်။

အားလုံးပဲ ကောင်းသောနေ့ဖြစ်ပါစေနော်
💙

BibleWhere stories live. Discover now