Part 7

1.4K 78 5
                                    

ကျ​နော်​ ဒီ​နေ့ မိုးညနဲ့အတူ​ ​ကျောင်းပြန်​သွားခွင့်ရပြီမို့ကျ​နော်​​ပျော်​​နေတာ မ​နေ့ကတစ်​ညလုံးလည်းအိပ်​မ​ပျော်​ဘဲ ​ကျောင်းဆင်းချိန်​ မိုး​တွေအရမ်းသည်းလို့ ထီးတစ်​​ချောင်း​အောက်​မှာ ရင်​ခွင်​ထဲ အတင်းတိုးဝင်​လာတဲ့​ကောင်​လေး မျက်​နှာကို ​တွေးမိရင်​ ကျေ​နာ်​ ရူးမတတ်​ပါဘဲဗျာ.....

ဒေါ်မြသခင်​; သား​ရေ... ​အောက်​ကိုဆင်းပြီးဘယ်​သူလာလဲ လာကြည့်ပါဦး

မေ​မေ့​ခေါ်သံကြား​တော့ ကျေ​နာ်​ ​အောက်​ထပ်​ကို အမြန်​ဆင်းလာခဲ့တာ မိုးညလို့ထင်​ခဲ့​ပေမဲ့ ကျ​နော့်အထင်​နဲ့အမြင်​တစ်​ခြားစီဖြစ်​သွား​စေတဲ့ အရာက

နွေဦး; ​နေခြည်​ နင်​ဘယ်​လိုလုပ်​ပြီး ငါ့အိမ်​ကို အ​စောကြီး ​ရောက်​​​နေတာလဲ

နေခြည်​; ငါ့အ​ဖေက ဒီ​နေ့ခရီးထွက်​သွားလို့ ငါ့ကို​ကျောင်းလိုက်​မပို့နိုင်​ဘူးဆိုလို့ နင်​နဲ့အတူသွားမလားလို့ ဘာလဲနင်​ကငါနဲ့မသွားချင်​လို့လား နင့်မျက်​နှာကလဲ ဖြစ်​​နေတာကြည့်ပါဦး 

နွေ​ဦး; မဟုတ်​ပါဘူး အဲ့ဒါဆိုလဲသွားမယ်

နေခြည်; ​နေဦး ငါ ​အန်​တီ့ကိုသွားနှုတ်​ဆက်​လိုက်​ဦးမယ်

ပြောရင်းဆိုရင်း ​မေ​မေရှိတဲ့ အိမ်​​နောက်​ကို​ပြေးဝင်​သွားတဲ့ ​နေခြည်​ ​ကျောပြင်​ကိုကြည့်ပြီး ကျ​နော်​ သက်​ပြင်းရှည်​ တစ်​ခု ကို ချမိလိုက်​တယ်​ ​မေ​မေက​တော့​နေခြည့်ကို​တော်​​တော်​ချစ်​ရှာတာပါ သူကစာ​လည်း​တော်​ပြီး လိမ္မာ​ရေးခြားလည်းရှိတယ်​မလား မိုးညကိုတော့ဘယ်​လိုလုပ်​ရပါ့မလဲ....
____________________________________

မိုးည pov: ခင်​ဗျားပဲ မ​နေ့ကလာ​ခေါ်မယ်​ဆိုလို့​စောင့်​နေ​ပေမဲ့ ဒီအချိန်​ထိ​တော့ကျ​နော်​​စောင့်မ​နေနိုင်​​တော့ဘူးလို့ထင်​တယ်​ ခင်​ဗျား​မေ့ေ​နတာများလားဗျာ

မိုးည သူ့အ​မေကိုနှုတ်​ဆက်​ပြီး​ ​ကျောင်းကိုလမ်း​လျှောက်​ပြီးပဲ ထွ​က်​လာခဲ့တယ်​ လမ်းတစ်​၀က်​​လောက်​​ရောက်​မှ

Can You See My Loves?Where stories live. Discover now