ဟုတ်​မှာပါ​လေ.....
အခု​တောင်​ အဲ့​ကောင်​မ​လေးသူ့အနား​ရောက်​​တာနဲ့
ကျွန်​​တော်​ အရမ်းချစ်​ရတဲ့ သူ့ရဲ့ယုန်​သွား​လေး ထွက်​လာတဲ့အထိ ရယ်​ပြ​နေသည်

ရပါတယ်​....
စကြိုက်​တည်းက ခံနိုင်​ရည်​ရှိ​အောင်​ ပြင်​ဆင်​ပြီးသားပဲ
စကြိုက်​တည်းက သူ့နဲ့လုံးဝမဖြစ်​နိုင်​ဘူး 
မျှော်​မှန်းလို့မရတဲ့လူလို့
အတန်​တန်​ ကိုယ့်​ကိုယ်​ကို သတိ​ပေး​နေရ​တော့
အခုလိုအ​ခြေအ​နေမျိုးနဲ့ကြုံ​တော့
နည်းနည်းဝမ်းနည်းသွားရုံ​လောက်​ပါပဲ

" လာ...သွားမယ်​ "

" ဟင်​ "

Jimin က ရုတ်​တရပ်​ ကျွန်​​တော့်​လက်​ကိုဆွဲကာ 
စာကြည့်​တိုက်မှ ​ဝေးရာကို ဆွဲ​ခေါ်​နေသည်
ကျွန်​​တော်​လဲ အမှတ်​တမဲ့ဆို​တော့ ​ကြောင်​​တောင်​​တောင်​ နဲ့ပါသွားပြီး​မှ သတိရသည်
ကျွန်​​တော့်ပစ္စည်း​တွေအကုန်​ကျန်​ခဲ့ပြီ

" Jiminie ငါ့ပစ္စည်း​တွေ... "

" ထားလိုက်​ "

" ထားလို့မရဘူး "

Jimin လက်​ကို ဖြုတ်​ကာ
စာကြည့်​တိုက်​ထဲပြန်​သွားလိုက်​​တော့
အဝင်​ဝမှာ ​တစ်​​ယောက်​​ယောက်​နဲ့တိုက်​မိသွားသည်
အရှိန်​နဲ့​ပြေးလာ​တော့ ကျွန်​​တော်​လဲ ဖင်​ထိုင်​ရပ်​လဲပြီး
တပ်​ထားတဲ့မျက်​မှန်​ဝိုင်းဝိုင်းပါ လွှင့်​ထွက်​သွားသည်

" နင်​..နင်​ဘယ်​လိုလုပ်​လိုက်​တာလဲ "

" ​တောင်း...​တောင်းပန်​ပါတယ်​ "

တောင်းပန်​ပါတယ်​ ​တဖွဖွ​ပြောပြီး
မျက်​မှန်​ကို ဝါးတားတားဖြင့်​လိုက်​ရှာ​နေလိုက်​သည်

" တကယ်​ဘယ်​လို လူလဲမသိဘူး ဒီ​ကျောင်းမှာဒီလိုငတုံးလို​ကောင်​မျိုးရှိ​သေးသားပဲ "

တစ်​ခုခုဆို မျက်​ရည်​လွယ်​တတ်​​တာ​ကြောင့်​ မျက်​ရည်​ဝဲ​နေသည်​ကို မနည်းမျိုသိမ့်​ထားပြီး မျက်​မှန်​ကိုသာ ရှာ​နေလိုက်​သည်

" minyoung ဘာဖြစ်​တာလဲ "

ဒီအသံ....
အချိန်​များရပ်​တန့်​သွားသလို
လူတစ်​ကိုယ်​လုံး တုန်​တက်​သွားသလို
ရင်​ဘတ်​ထဲကအ​ကောင်​ကလဲ တာဝန်​​ကျေစွာ မြန်​မြန်​ခုန်​​ပေါက်​​နေသည်

Believe in Love (Completed)Where stories live. Discover now