" Taehyung မင်းဒီလိုပဲနေတော့မှာလား "
Jimin က စာကြည့်တိုက်ကစားပွဲပေါ်မှာ
ခေါင်းမှောက်ရင်း ပျင်းတိပျင်းတွဲပုံစံဖြင့်မေးနေသည်" ငါကဒီလိုမနေလို့ ဘယ်လိုနေရမှာလဲ "
သူပြောချင်တဲ့ အဓိပ္ပါယ်ကို သိသော်လဲ
အမြဲဒီစကားပဲပြောနေတော့
စိတ်ပေါက်ပေါက်နဲ့ မသိချင်ယောင်ဆောင်ပြီး
ပြန်ဖြေလိုက်သည်" မဟုတ်ဘူးလေ မင်းအခုလို ဖွင့်မပြောဘဲ နေနေတာကိုပြောနေတာ "
Jimin ကြောင့် ကျွန်တော် သက်ပြင်းချလိုက်ကာ
" ဖြစ်မှမဖြစ်နိုင်တာ..... ငါ့ရုပ်ကို မိန်းကလေးတွေတောင်မကြိုက်တာ ပြီးတော့ သူကယောကျာ်လေး လေ "
" အဲ့တာနဲ့ အခုလိုမျိုးတစ်သက်လုံး အဝေးကပဲနေတော့မယ်ပေါ့ "
" အင်းပေါ့ ဒါပဲရှိတာပဲ "
Jimin ကတော့ မပြောတော့ဘူး ဆိုတဲ့
မျက်နှာထားလုပ်ပြပြီး ခေါင်းမှောက်ပြီးအိပ်နေသည်ကျွန်တော်လဲ အကြည့်များကို
နှလုံးသားရဲ့ရှင်သခင်ဆီကိုပြန်ပို့လိုက်သည်သူ......
စာအုပ်စင်ကိုမှီရင်းစာဖတ်နေသည်
နေရောင်လေးကသူ့အပေါ်ကိုပဲကွက်ပြီး ထိုးနေသလားအောင်မေ့ရတယ်
ပြတင်းပေါက်ဖွင့်ထားတာကြောင့် သူ့ဆံပင် အနက်ရောင်လေးဟာ
လွှင့်နေပုံလေး အရမ်းကို ဆွဲဆောင်မှုရှိတယ်
နှုတ်ခမ်းပါးလေးက စာအုပ်ထဲကစာတွေကိုလိုက်ဖတ်နေပုံရသည်
ပါးစပ်လေးကလှုပ်တုပ်လှုပ်တုပ်နဲ့ အသည်းယားဖို့ကောင်းတယ်" Jungkook!!!! "
ခေါ်သံကြောင့် အတွေးစပြတ်ပြီး
ယောင်ရမ်းကာ စာအုပ်တစ်အုပ်ကိုကိုင်ကာ
မျက်နှာကိုအုပ်လိုက်ပြီး မျက်လုံးလေးပဲဖော်ကာ ချောင်းကြည့်လိုက်သည်ကောင်မလေး တစ်ယောက် ချစ်စရာလေး
သူနဲ့အရမ်းလိုက်ဖက်လွန်းတယ် နေနဲ့မြ ရွှေနဲ့လ လိုပဲ
သူများတွေပြောကြတာတော့ နှစ်ယောက်ကတွဲနေကြပြီတဲ့