မစိုက်လို့လည်း မရ။
မပီးပါက Bossက အလုပ်ကနေ ကန်ထုတ်လိမ့်မည်။

Bossမျက်နှာကြီး စိတ်ကူးထဲထည့်ကာ အလုပ်ပီးအောင်လုပ်ရမယ်....
ပျင်းနေလို့မရ။
fighting ....fighting....👏👏👏

"Baek အိပ်ငိုက်နေလို့လား....  သံပုရာရည်ဖျော်ပေးရမလား?''

ကိုယ့်ဟာကိုယ် အားပေးတဲ့အနေနဲ့ လက်ခုပ်သုံးချက်တီးကာ အားတင်းလိုက်သည်ကို Chanyeolက အိပ်ငိုက်နေတယ် ထင်သွားသည်။

"အင်း.... ချိုချိုချဉ်ချဉ်အေးအေးလေး ဖျော်ပေး''

"Ok ဗျာ''

ဆော့လက်စ ဂိမ်းကို ပိတ်ကာ ဖုန်းကို ဘောင်းဘီ အိတ်ကပ်ထဲ ထိုးထည့်ပီး သံပုရာရည်ဖျော်ဖို့ ထွက်သွားလေသည်။

အင်း....
Chanyeolနဲ့ Baekhyunအခြေအနေက ဘယ်လိုလဲဆိုတော့.....

အရင်တုန်းကလို ချစ်သူတွေလိုလည်းမဟုတ်။
သူငယ်ချင်းထက်လည်း အနည်းငယ် ပိုရင်းနှီးနေသလို။

Baekhyun ကတော့ စောင့်ကြည့်ဆဲကာလမို့ အေးရာအေးကြောင်းသာနေနေမိသည်။
အရင်လိုတော့ ပစ်ပစ်ခါခါမလုပ်ဖြစ်တော့။

Chanyeolသည်လည်း တော်တော်လေး ခြေငြိမ်လာသလိုပင်။

အရင်လို တစ်အိမ်ထဲ အတူမနေဖြစ်သေးပေမယ့် အလုပ်ချိန်ကလွှဲရင် ကျန်သည့် အချိန်တွေမှာ Baekhyun ဆီမှာပဲ ရှိနေတတ်သည်။

ညအိမ်ချိန်ရောက်မှသာ အိမ်ပြန်သည်။

Baekhyunကို သူနဲ့လာနေဖို့ ပြောပေမယ့် လက်မခံချင်သေး။

သေချာအောင် စောင့်ကြည့်ချင်သေးသည်။

Baekhyumဘက်က စည်းစောင့်ပေမယ့် ဟိုကောင်ကြီးကတော့ လစ်ရင်လစ်သလို အသားယူတတ်သည်။

လွန်လာတာမဟုတ်ရင်တော့ Baekhyun မသိချင်ယောင်ပဲ ဆောင်ထားမိသည်။

စိတ်ရှုပ်နေရင်တော့ ခေါင်းခေါက်တာဖြစ်ဖြစ် ကန်လွှတ်တာဖြစ်ဖြစ်လုပ်တတ်ပေမယ့် Park Chanyeolကြီးကတော့ စိတ်မဆိုးသည့်အပြင် ပြုံးဖြီးနေသည်။

"ရော့ Baek... အအေးသောက်ပီးမှ ဆက်ဆွဲ''

"အင်း...''

"ကိုယ်အိမ်ခဏ ပြန်လိုက်အုံးမယ်... ညနေစာ အတူစားမယ်နော်... ကိုယ်အပြင်ကဝယ်လာမယ် စောင့်နေနော်''

EX (Zawgyi+ Unicode)Where stories live. Discover now