Appaပြန်​သွား​တော့ သူအလုပ်​စားပွဲ​ပေါ်ကို
စိတ်​ပျက်​လက်​ပျက်​နဲ့
မျက်​နှာ​မှောက်​ချလိုက်​မိသည်​။
Newyorkနဲ့Seoulက၁၃နာရီ​တောင်​ကွာတာ...
နှစ်​​ယောက်​လုံးမအားတဲ့အ​ခြေ​နေမှာ
အဆက်​အသွယ်​ အမြဲရဖို့ကသိပ်​မလွယ်
ပြီး​တော့တစ်​ပတ်​ကြီး​တောင်​....

Jungkook​တော့ငါ့ကိုလွမ်း​နေ​တော့မှာဘဲ......

....................................................

"ဟိုမှာ ​သေချာဂရုစိုက်​​နော်​hyung
အလုပ်​ဘဲအာရုံ​ရောက်​ပြီး
အစားမစားဘဲမ​နေနဲ့ဦး
အပြင်​ထွက်​တိုင်းအ​နွေးထည်​ယူသွား
ညအိပ်​ရင်​လဲ heaterဖွင့်​အိပ်​ဖို့မ​မေ့နဲ့"

လေယဉ်​​ပေါ်မတတ်​ခင်​အချိန်​ထိကို
Jungkookကတစ်​ဖွဖွမှာသည်​။
သူက​တော့မထုံတတ်​​တေးလုပ်​ကာ
ဘာမှပြန်​မ​ပြော
အရင်​အတိုင်းခပ်​​ချေ​ချေပင်
Appaက​တော့
သူတို့နှစ်​​ယောက်​ကိုကြည့်​ကာပြုံးစိစိနဲ့။

လေယဉ်​​ပေါ်တစ်​​လျောက်​လုံးလဲ
သူစိတ်​အလိုမကျ....
Jeon jungkook...လိုက်​ခဲ့ရင်​ရတာဘဲကို..
ဒါမှမဟုတ်​လဲ ငါ့ကိုသွားခိုင်းလို့
အဆင်​မ​ပြေဘူးဆိုပြီး
Appaကို​ပြောလိုက်​လို့ရသားနဲ့...။

လေဆိပ်​​ရောက်​တာနဲ့လာကြိုတဲ့ကားဆီ
တစ်​ခါထဲတက်​လိုက်​လာခဲ့ရသည်
ကား​ပေါ်မှာလမ်းတစ်​​လျောက်​လုံး
သူအပြင်​ကို​ငေးလာခဲ့သည်​။

Newyorkကအရင်​အတိုင်းပင်
ဘာမှထူးထူးခြားခြားမ​ပြောင်းလဲသွား
သူ့ရဲ့ဆယ်​​ကျော်​သက်​ဘ၀ကုန်​ဆုံးခဲ့တဲ့​နေရာ
သူ့ရဲ့အိမ်​လို့သူမှတ်​ထင်​ထားတဲ့​နေရာ
သူ့အတွက်​သက်​​တောင့်​သက်​သာ
အဖြစ်​ဆုံး​နေရာလို့သူထင်​ခဲ့ဖူးသည်
Newyorkမှာအမြဲ​နေနိုင်​မယ်​လို့
သူ​တွေးခဲ့ဖူးသည်​။

ဒါ​ပေမယ့်​ အခုချိန်​​တော့
အရာအားလုံးက သူစိမ်းဆန်​​နေသလို
ဘယ်​အရာကမှ​နွေး​ထွေးမှုမရှိ
Seoulမြို့စွန်​က ခြံဝန်းကျယ်​နဲ့အိမ်​​လေးကလွဲရင်
ဘယ်​​နေရာမှာမှ သူမ​​နေချင်​ပါ။

Hotel​ရောက်​​တော့လဲခဏသာနားလိုက်​ရသည်​။
ရေမိုးချိုးပြီးတာနဲ့ ညစာစားပွဲ​တတ်​ဖို့ပြင်​ရ​ရော
ရင်းနှီးတဲ့လူ​တွေကို​ရော
အခုမှမိတ်​ဆက်​ရတဲ့ သူစိမ်း​တွေကိုပါ
အဆင်​​ပြေ​ပြေ သွက်​သွက်​လက်​လက်
ပြောဆိုဆက်​ဆံ​နေတဲ့သူ့ကိုကြည့်​ရင်း
Appaက​တော့တအံတသြဖြစ်​​နေရှာသည်​။
သူအရမ်း​ပြောင်းလဲသွားတာ
Appaမှ​သေချာမသိ​သေးတာ...။

Behind Every Mask { COMPLETED }Where stories live. Discover now