အပိုင်း (၃၈)

Start from the beginning
                                    

အနားယူကာတစ်ညတာကို Zion နှင့်ဖုန်းပြောရင်းဖြတ်သန်းသည်။

မည်သို့ပင်အလုပ်ပင်ပန်းပါစေ ချစ်ရသူအသံကြားလိုက်လျှင်ရှိသမျှအမောများယူပစ်လိုက်သကဲ့သို့တစ်ညလုံးအနားမယူမအိပ်စက်ရပဲလျှင်လည်းပြောနိုင်သည်။

Zion နှင့်ဖုန်းပြောနေရသည်ကိုကဂျွန့်အတွက်ပျော်ရွှင်မှုတစ်ခုလိုဖြစ်နေသည်။

Chatting,video call,phone call စသဖြင့်အဆက်အသွယ်များအားနေ့တိုင်းလုပ်လေ့ရှိပြီးတစ်နေ့တာအကြောင်းအရာများအားလုံးကိုလည်းပြောပြလျက်ရှိသည်။

Hazel အိမ်လိုက်နေရသည့်အကြောင်းအားလုံးပြောပြထားသော်လည်းကိုဇက်နှင့်မှားခဲ့သည်ကိုတော့မပြောပြဖြစ်ခဲ့။ Zion သိနှင့်နေပြီးသောကြောင့်ပင်ဖြစ်သည်။

သူတို့ချစ်သူစမဖြစ်ခင်ကဂျွန့်လည်ပင်းက Hickey များအားတွေ့၍ Zion အတင်းမေးခဲ့သည်။ ဂျွန်မပြောပြဖြစ်ခဲ့ပေမယ့်နောက်ဆုံး Shopping mall Toilet တွင်ကိုဇက်ဖုန်းပြောနေသောအခါဂျွန်နှင့်ဖြစ်ခဲ့သည်ကို Zion နားလည်သဘောပေါက်ခဲ့ရသည်။

ဂျွန့်ကိုထိ၍ရန်ဖြစ်မည်အလုပ် Media များဝိုင်းလာ၍ Model လောကမှထွက်ကာ New Zealand သိို့ကိုဇက်ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်။

ဒီလိုနှင့် Zion နှင့်ဖုန်းပြောနေသည်မှာမနက် ၃ နာရီပင်ထိုးနေပြီဖြစ်သည်။

မနက် ၃ နာရီဆိုသည်မှာ Wellington, New Zealand တွင် မနက် ၈ နာရီခွဲဖြစ်နေပြီဖြစ်သည်။

များသောအားဖြင့်အနောက်နိုင်ငံနှင့်မြန်မာနိုင်ငံဆိုလျှင်မနက်နှင့်ညကွာခြားလျက်ရှိကြသည်။

အချိန် ၅ နာရီခွဲသာကွာသည့်အတွက် Zion အလုပ်သွားရတော့မည်ဖြစ်နေပြီး ဂျွန့်အတွက်အိပ်စက်အနားယူရတော့မည်ဖြစ်သည်။

Model တစ်ယောက်ဟာပြည့်ပြည့်ဝဝအိပ်စက်အနားယူနိုင်မှသာအသားအရည်တင်းတင်းရင်းရင်းနှင့်လှပပြည့်စုံနိုင်မည်ဖြစ်သော်လည်းထိုစည်းကမ်းများအားချစ်ရသူအတွက်ဂျွန် လွန်ဆန်ခဲ့သည်။

New Zealand တွင်တော့~

"စိုင်း နိုးနေပြီလား..?"

"Omm...ကိုဇေလည်းထတော့လေဗျာ.."

"ဟာ..မထချင်သေးဘူးကွာ.. စိုင်းလည်းပြန်အိပ်" ဟုဆိုကာစိုင်းအားလက်မှဆွဲချလိုက်သောကြောင့်ဇေရန်ခရင်ဘတ်ပေါ်သို့စိုင်းရောက်သွားသည်။

မနက်ခင်းအနမ်းလေးအားပေးလိုက်ပြီးနူးညံ့စွာဖက်ထားကာလည်ပင်းလေးအားနမ်းလိုက်သေးသည်။

စိုင်းရှက်သွား၍ပါးလေးများနီရဲလာကာလွန်စွာချစ်ဖို့ကောင်းနေသည်။

ထို့နောက်အတူတူမှန်ရှေ့တွင်မျက်နှာသစ်၊သွားတိုက်ရင်းရေချိုးခဲ့ကြသည်။

Bath tub ထဲစိမ်နေသောသူတို့နှစ်ယောက်၏ခန္ဓာကိုယ်ဟာလည်းပူးကပ်ကာလုံးထွေးနေတော့သည်။

ချစ်တင်းနှောကာရေချိုးပြီးတစ်နေ့တာကိုစတင်ဖို့အလုပ်သို့ဦးတည်ခဲ့ကြသည်။

ဒီနေ့ဟာ Zion ပထမဆုံးရိုက်ကူးရေးလုပ်ရမည်ဖြစ်၍စိုင်းအတွက်အလုပ်ရှုပ်တော့မည်ဖြစ်သည်။

Zion အတွက်ပြင်ဆင်ထားခဲ့ရသောအကျႌထုတ်များအားကိုင်ကာအလုပ်သို့လာခဲ့ပြီးညနေဘက်ရိုက်ကူးရေး စ သောအခါ Zion ရှိရာ Starlight Agency သို့ Company မှကားဖြင့်အခြားသော Stylist များပါတကွလာခဲ့ကြသည်။

Zion ဒီနေ့ဝတ်ရမည့်အဝတ်စားတစ်စုံအားချိတ်ဖြင့်အသင့်ယူလာကာ Fitting Room ထဲစိုင်းဝင်သွားသည်။

အထဲတွင်အသင့်စောင့်နေသော Zion နှင့်နှုတ်ဆက်ကြပြီးဝတ်ရမည့်အကျႌအားပေးကာလဲစေသည်။

ဘောင်းဘီကစိုင်းအသစ်ချုပ်ထားတဲ့အတွက်တစ်ယောက်မှဝတ်မကြည့်ရသေးတာကြောင့်ဇစ်အနည်းငယ်ကြပ်နေသည်ကိုသတိထားမိလိုက်သည်။

အချိန်လည်းမရအလျင်လိုနေ၍ Zion ဇစ်တပ်နေသည်မှာကြာနေသောကြောင့်ထိုင်ကြည့်မနေတော့ပဲ Zion ရဲ့ temporary Designer လည်းဖြစ်နေသည်မို့ကူညီပေးရန်ပြင်လိုက်သည်။

"Zion ရလား..?"

"နည်းနည်းကြပ်နေတာ.."

"ခဏ.. ကြည့်ကြည့်မယ်..."

Zip တပ်သည့်နေရာကိုရုတ်တရက်စိုင်းကိုင်လိုက်သည်။ Zion လည်းရုတ်တရက်မို့စိုင်းကိုကြည့်မိသည်။


###
TBC
•update every Friday•

Love in Hate [Season-1+2]Where stories live. Discover now