အပိုင်း (၃၈)

664 38 3
                                    

ဝတ္တရားမကျေပွန်ခဲ့သောမိခင်၏အတင်းအကြပ်စီမံမှုနှင့်လင်ပါသမီး၏ခြိမ်းခြောက်မှုတို့ကြောင့်ဂျွန်တစ်ယောက်စိတ်ဆန္ဒမပါပဲထိုအိမ်သို့ပြောင်းလာခဲ့ရသည်။

ကိုဇက်နေခဲ့သည့်အခန်းတွင်ယာယီထားထားသည်ကြောင့်ကိုဇက်၏အခိုးအငွေ့အနည်းငယ်လည်းရရှိနေမည်ဖြစ်သည်။

သို့သော်မုန်းတီးမှုကြောင့်ယာယီနေနေရသည့်သူ့အခန်းမှအမြန်ဆုံးပြောင်းချင်နေပြီဖြစ်သည်။

ဒီအခန်းထဲတွင်ပဲသူနှင့်ကိုဇက်တို့မဖွယ်မရာများဖြစ်ခဲ့ကြရပြီးကိုဇက်ကိုမုန်းနေသည်ထက်ပိုမုန်းလာရသောအကြောင်းကြောင့်လည်းပါနေသည်။

သည်လိုနှင့်နေလာခဲ့သည်မှာတစ်ပတ်ကျော်ကြာသွားပြီးအခြေနေများမှာတော့ငြိမ်သက်နေသည်။

ရုံးခန်းထဲသို့ Ken ဝင်လာပြီးဂျွန့်အတွက်သူဆွဲထားသောဒီဇိုင်းစာအုပ်အားဖွင့်ကာအလုပ်စတင်ရှုပ်လေတော့သည်။

ဆရာဝန်နှင့်တိုင်ပင်ကုသပြီးနောက်ပိုင်းစားဆေးများဖြင့်အတော်များများသက်သာလာသည်ကြောင့် Ken အတွက်တော်သေးသည်ပြောရမည်။ ထို့အပြင် Eric လည်းစိတ်ထဲအလုံးကျလျက်ရှိနေသည်။

ဂျွန် Hazel နှင့်တစ်အိမ်တည်းနေသည်ကိုတော့ဂျွန်၏မန်နေဂျာဖြစ်သူ Eric နှင့်ဒီဇိုင်နာဖြစ်သူ Ken တို့အပြင်မည်သူမျှမသိကြ။

ဂျွန်ဟာဘေးနားတိုင်ပင်ဖော်တိုင်ပင်ဖက်ချစ်ရသူ Zion အဝေးရောက်နေသောကြောင့်သူတို့နှစ်ယောက်နှင့်ထိုအကြောင်းကိစ္စများပြောကြားခဲ့သည်ဖြစ်ပြီးဆွေးနွေးတိုင်ပင်မှုများလည်းလုပ်ထားသည်။

အစ်ကိုတစ်ယောက်သကဲ့သို့စောင့်ရှောက်ပေးသော Eric ကိုလည်းယုံကြည်အားထား၍ Hazel ဟာသူနှင့်ဘယ်လိုအမျိုးဆက်စပ်ကြောင်းပါအလုံးစုံပြောပြထားပြီးဖြစ်သည်။

Hazel ခြိမ်းခြောက်ခဲ့တာကိုတော့ဘယ်သူ့ကိုမှပြောပြထားခြင်းမရှိခဲ့။ သူ၏အရှက်သိက္ခာကိုထိန်းသောအနေဖြင့်လည်းပါသည်။

Ken နှင့် Eric တို့အတူအလုပ်ဆင်းကြပြီးဂျွန်လည်း Hazel တို့အိမ်သို့ဦးတည်ခဲ့သည်။

Love in Hate [Season-1+2]Tahanan ng mga kuwento. Tumuklas ngayon