လှည့်မကြည့်ရင်တောင်သိနိုင်ပါတယ်
ဒီချိုသာတဲ့အသံပိုင်ရှင်ဟာ ချစ်ရတဲ့ Hyun အပြင်အခြားသူမရှိ...ဒီနေ့တွေ့မယ်လို့ Jong Dae ကိုမှာလိုက်တာကြောင့်
Hyun ကိုယ်တိုင်ရောက်လာခဲ့ပုံပေါ်သည်။"အဆင်ပြေရဲ့လား Yeol...
လွမ်းနေခဲ့တာ"ရုတ်တရပ်ဆွဲဖက်ခံလိုက်ရတဲ့ခန္ဓာကိုယ်ကြောင့်
မျက်နှာပေါ် အပူလှိုင်းတစ်ခုဖြတ်ပြေးသွားသလိုပင်တစ်ပတ်လောက်ခွဲနေခဲ့ရတာမို့ လွမ်းစိတ်ကြောင့်
Hyun ကိုတင်းကြပ်စွာပြန်လည်ဖက်တွယ်မိသည်။"ကျွန်တော်လဲလွမ်းနေခဲ့တာ"
"ဒဏ်ရာတွေသက်သာရဲ့လား?"
ဖက်ထားတာကိုဆွဲခွာရင်း ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ
စိုးရိမ်တဲ့မျက်ဝန်းလေးတွေနဲ့ပြောလာတဲ့သူ့ကြောင့်
ပြုံးလိုက်မိပါ၏။ကျွန်တော့်အပေါ်သိပ်ဂရုစိုက်လွန်းတဲ့သူပါလေ...
ကျွန်တော်သိပ်ချစ်ရပါသော
ကျွန်တော့်ကိုသိပ်ချစ်လွန်းပါသော
ထိုလူသားအား
ကျွန်တော်ဘယ်လိုစိတ်နဲ့သတ်နိုင်မှာတဲ့လဲ..."သက်သာပါတယ် Hyun
အကောင်းပကတိနီးပါးဖြစ်သွားပါပြီ""တော်သေးတာပေါ့
ကိုယ်တော်ကစိုးရိမ်နေခဲ့တာ""ထိုင်ပါဦး Hyun...
အိမ်ကတော့သိပ်မကောင်းဘူး
တောထဲမှာဆိုတော့အဆင်ပြေသလိုနေရတာပေါ့""မင်းကိုတွေ့ရရင်ဘဲ ရပါပြီ...
တစ်ပတ်လောက်တောင်ခွဲနေခဲ့ရတာ
ပြီးတော့ ကိုယ်တော့်ဆီမှာမင်းကလွဲပြီးဘယ်သူမှမရှိတော့ဘူးလေ....မယ်တော်လဲ....""ကျွန်တော်ကြားမိပါတယ် Hyun...
တော်တော်လေးပင်ပန်းနေမှာဘဲ
အခုလိုအချိန် Hyun အနားမှာရှိနေမပေးနိုင်တာ တောင်းပန်ပါတယ်"Hyun စကားကိုဖြတ်ပြောလိုက်မိသည်။
Hyun ရဲ့မယ်တော်ကိုကျွန်တော်ကိုယ်တိုင်သတ်ပစ်ခဲ့တာမို့ ထိုအကြောင်းကြားရင် Hyun ရှေ့မှာမျက်နှာအမူအရာမပျက်ချင်...
"မင်းကိုကိုယ်တော့်နားမှာထားချင်ပေမဲ့
အခုကတော့နန်းတော်ထဲပြန်ခေါ်ဖို့ဆိုတာမဖြစ်နိုင်သေးဘူး
Yeol...တိုင်းပြည်ရေးတွေကလဲတအားရှုပ်ထွေးနေတာကြောင့်ပါ....ကိုယ်တော့်ကိုနားလည်ပေးမယ်မလား"
YOU ARE READING
ချစ်ခြင်းဖွဲ့ အလင်္ကာ
Historical Fictionချစ်တယ်...အရာအားလုံးထက်ပေါ့... ကျန်တာဘာမှမလိုပါဘူး...မင်းနဲ့ငါ့ရဲ့ပတ်သတ်မှုမှာအချစ်ရှိနေရင်ဘဲပြီးပြည့်စုံပြီ ယွမ်နိုင်ငံရဲ့ အရေးပေးခံရဆုံးမင်းသားလေး Baekhyun နဲ့ ဂိုလျောနိုင်ငံက ဖမ်းဆီးရမိလာတဲ့ သုံ့ပန်းကောင်လေး Chanyeol တို့ရဲ့အချစ်ဇာတ်လမ်း အခြေအနေ အ...
part-20
Start from the beginning