တကယ်​​တော့
Jungkook​ပြောသလို
Jungkookကို သူ​ရှောင်​​နေမိတာအမှန်​ပင်​...
Jungkookနဲ့​တွေ့တိုင်းဖြစ်​လာတဲ့
သူ့​ခံစားချက်​​တွေကို သူ​ကြောက်​သည်​။
သူ့စိတ်​ကိုယ်​ သူမထိန်းနိုင်​​​တော့တာကို
သူ​ကြောက်​သည်​။
Jungkookရဲ့ကြင်​နာယုယ​မှု​တွေကြား
သူ​ပျော်​၀င်​​နေမိ​ပေမယ့်
သူ့အ​ပေါ်ခံစားချက်​မရှိဘဲ
ဝတ္တရားအရ ခင်​ပွန်း​ကောင်းပီသတာမျိုး
ဖြစ်​နေမှာကို သူ​ကြောက်​သည်​။

သူ့ခံစားချက်​​တွေကို သူနားလည်​လာ​ပေမယ့်
သူဝန်​မခံချင်​။
Jungkookဘက်က​ သူနဲ့ထပ်​တူမဖြစ်​မှာကို
သူ​ကြောက်​သည်​။
အတ္တကြီးတယ်​ဘဲ​ပြော​ပြော
သူတစ်​ဖက်​သတ်​ မဖြစ်​ချင်​ပါ...

သူလိုအပ်သမျှကိုအမြဲဖြည့်​စည်း​ပေးတတ်
ဂရုစိုက်​​ပေးတတ်​တဲ့ အပြုအမူ​​တွေကြောင့်
jungkook​ရောသူ့အ​ပေါ်​ခံစားချက်​ရှိ​နေလားလို့
သူတွေးမိ​ပေမယ့်​ မသေချာပြန်​။

မင်္ဂလာဦးထဲက ငြင်းပယ်​ခံလိုက်​ရသလို
ခုထိဘာမှစည်းမ​ကျော်​လာတဲ့
အပြုအမူ​တွေ​ကြောင့်
တကယ်​လို့ တစ်ခုခု​ခံစားချက်​ရှိ​နေရင်​​တောင်
သူ့နဲ့ထပ်​တူ​တော့မဖြစ်​​လောက်​ဟု
တွေးမိ​တော့ နာကျင်​ရပြန်​တယ်​။

အဲ့ဒါ​​​တွေကြောင့်​ မ​တွေ့မိ​အောင်
ရှောင်​​နေ​ပေမယ့်​လဲသူမ​နေနိုင်​ပြန်
စိတ်ထဲ​လွမ်း​လာ​တာနဲ့
လူကသူ့​ရှေ့​အလိုလိုရောက်​သွား​ရော....

သြော်​....မင်း​တော့ဒုက္ခဘဲKim Taehyung​ရေ

ကိုယ့်​အ​တွေးနဲ့ကိုယ်
ငြိမ်​​ရင်းလမ်း​​လျောက်​နေ​​တုန်း
ခေါင်း​ပေါ်မိုးစက်​​တွေကျလာမှ
သူအသိပြန်​၀င်​လာသည်​။
သူုတို့နှစ်​​ယောက်​အပါအ၀င်
အနားကလမ်း​လျောက်​​နေသူ​တွေလဲ
ရုတ်​ရုတ်​သဲသဲဖြစ်​ကာ မိုးခိုဖို့​နေရာရှာရင်း
ပွတ်​​လောရိုက်​သွားသည်​။

နှစ်​​ယောက်​သား
အနားမှာရှိတဲ့တံစပ်​မြိတ်​​အောင်​၀င်​ခိုရင်း
ခဏငြိမ်​​နေမိသည်။
ဒီအတိုင်းဆို ​မိုးက​တော်​ရုံနဲ့​တော့စဲမှာ​မဟုတ်
Jungkookကိုသူလှမ်းကြည့်​​တော့
နာရီကိုခဏခဏကြည့်​​နေတယ်​။

Behind Every Mask { COMPLETED }Where stories live. Discover now