ခေါင်းထဲသို့ပြန်မတွေးချင်ခဲ့သော လောလောလတ်လတ် အဖြစ်အပျက်များဝင်ရောက်လာသည်။
"အစ်ကို ကျွန်တော့ကလေးနဲ့မိန်းမကိုမခွဲပါရစေနဲ့ ....... ကျွန်တော်ပန်းလေးကိုသိပ်ချစ်တာအစ်ကိုသိပါတယ်
အစ်ကိုရယ် ..... ပန်းလေးကအခုကျွန်တော့ဆီပြန်မလာဘူးပဲပြောနေတယ်.... ကိုယ်လေးလက်ဝန်နဲ့
သူကြိတ်ငိုနေမှာကျွန်တော်စိုးရိမ်တယ် .... ဗိုက်ထဲကကလေးအတွက်လည်းကျွန်တော်စိတ်ပူတယ် ......."ငိုတော့မတတ်ပြောနေသည့် ယောက်ဖဖြစ်သူကို
ကျွန်တော်ငေးကြည့်နေခဲ့မိသည်ထင်ပါ၏။
ထိုအမျိုးသားသည် ကျွန်တော်ချစ်သောလူသားများနှင့်
ဆက်စပ်နေသူတစ်ဦး။ ပန်းလေး၏ခင်ပွန်း
ကျွန်တော့တူလား၊ တူမလေးလား၏ ဖခင် ထို့နောက် ....... မြတ်နိုးရသော ကလေး၏ အစ်ကိုဝမ်းကွဲ။ပါးပေါ်မှထင်းနေသောပါးချိုင့် ..... ခပ်ပါးပါးမျက်ခုံးများ
တန်းနေပုံနှင့် ဖြူနုသောအသားအရည်တို့က သတိထား
ကြည့်မိလျင် ခပ်ဆင်ဆင်ဖြစ်ပါလျက် ထိုပါးချိုင့်များခွက်
သောအခါ ညီ့ကိုသတိရခြင်းမှအပမတွေးတတ်မိသည့်ကျွန်တော်ဟာငပိန်းတစ်ယောက်။" ကျွန်တော့်ကိုထိုးချင်ရင်ထိုးလိုက်ပါအစ်ကိုရယ် ကျွန်တော်ကငယ်ငယ်ကတည်းကဒီပုံစံခွက်ထဲမှာရှင်သန်လာတာမို့ အခုချိန်မှ ပြောင်းလဲဖို့မဖြစ်နိုင်ဘူး
ကျွန်တော့မိဘတွေကိုမလွန်ဆန်နိင်ဘူးအစ်ကို ... ဒါဟာ ရှက်စရာကိစ္စမှန်းသိပေမယ့် ကျွန်တော် .... ကျွန်တော် တကယ် သတ္တိကြောင်ပါတယ်အစ်ကိုရယ် ....
ကျွန်တော်ကမကောင်းတဲ့ကောင်ပါဗျာ"သူမကောင်းတာထက်ကျွန်တော်ကဆယ်ဆပိုမကောင်းကြောင်းထုတ်မပြောဖြစ်တော့။
ကျွန်တော်ရောသူပါခြေစုံရပ်နေသည့်အင်းယားမြေသည်ပင် သုဿန်တစပြင်လိုကြောက်မက်ဖွယ်
တိတ်ဆိတ်လျက်။" ကျွန်တော်အလယ်တန်းလောက်မှာကျွန်တော်တို့
အိမ်မီးလောင်တယ်အစ်ကို .... ပွဲရုံပါ ပါသွားတယ်
လူရောစိတ်ပါနလံမထူနိုင်တဲ့ကျွန်တော့်မိဘတွေကို အိမ်အပြင်ငွေအရင်းနှီးပါထုတ်ပေးပြီး ပြန်ထူထောင်စေခဲ့တယ် ..... နဂိုရှိရင်းစွဲအတိုင်းပုံစံမပျက်ပြန်ထားပေးပြီး
အခြေမပျက်အောင်ကူညီခဲ့တယ် .... အနားမှာနေပြီး
စိတ်ဓါတ်ကိုပါအင်အားတွေပေးပြီး ကျွန်တော့မိဘတွေကိုမူလအနေအထားပြန်ဖြစ်သည်အထိ အစစအရာရာအလုံးစုံကူညီပေးခဲ့တာဟာ ဦးနေတို့လင်မယားပဲ ...
အဲ့ဒီတုန်းက နေနေကပေါက်စလေးပဲရှိဦးမှာ
အဟင်း ... သူကငယ်ငယ်ကတည်းကကြီးကျယ်တဲ့ကောင်လေးလေ .... သူ့ကိုမသွားပါဘူးလို့ကတိပေးပြီး ခရီးထွက်ဖြစ်အောင်ထွက်သွားလို့ အဲ့ကတည်းက
ကျွန်တော့ကိုခပ်တန်းတန်းဖြစ်သွားလိုက်တာ ကျွန်တော့မင်္ဂလာပွဲတောင်မတက်တဲ့အထိပဲ။ သိပ် စိတ်
အမှတ်ကြီးတဲ့ကောင်လေး ....."
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo
ဇာတ်လမ်း - ၄၈
Start from the beginning