အိမ်​ထဲ​ရောက်​​တော့
ပြတင်း​ပေါက်​တခါး​​တွေဖွင့်​ရင်း
လိုက်​ကာ​တွေကိုဖယ်​ရင်း
သူတတွက်​တွက်​​ပြော​နေမိတယ်​။

ပြတင်း​ပေါက်​က၀င်​လာတဲ့
ပင်​လယ်​​လေကိုရှုရင်း
မျက်​လုံး​တွေခဏမှိက်​ထားမိလိုက်​တယ်။
jungkookက​တော့
ဧည့်​ခန်းထဲကဆိုဖာမှာဝင်​ထိုင်​ကာ
ဘာမှလဲပြန်​မ​ပြော...
သူ့အ​တွေးနှင့်​သူ
ငြိမ်​ငြိမ်​သက်​သက်​နေ​နေတဲ့ပုံပင်​။

Kim groupပိုင်​hotelရှိ​ပေမယ့်
hotelမှာ​နေရင်
jungkook အလုပ်​ဆီစိတ်​​ရောက်​​နေမှာ​ရော 
hotel၀န်​ထမ်း​တွေ
နေရကြပ်​​နေမှာ စိုးတာ​ရော​ကြောင့်
သူအိမ်​မှာဘဲ​နေဖို့ ဆုံးဖြတ်​လိုက်သည်။

"​နား​တော့​လေ ခနအိပ်​ရင်​လဲအိပ်​လိုက်
ညစာက ငါစားချင်​တဲ့ဆိုင်​ရှိတယ်​ အဲ့ဒီကိုဘဲ
သွားရ​အောင်​​နော်​"

သူဖြတ်​ခနဲ လှည့်​ကြည့်​ရင်း​ပြောလိုက်​​​တော့
jungkookနဲ့အကြည့်​ချင်းဆုံသွားတယ်​။
သူ့ကိုစိုက်​ကြည့်​ရင်းခပ်​ဖွဖွပြုံးပြီး
hyungသ​ဘောလို့​ပြောလိုက်တဲ့
စကားသံ တိုးတိုး​အဆုံးမှာ
နားရွက်​​ဖျား​လေး​တွေပူသွားသလိုဘဲ...

သူအကြည့်​ပြန်​လွဲကာ
ကမ်း​ခြေကို​ငေး​နေ​ပေမယ့်
မလှမ်းမကန်းကဆိုဖာ​ပေါ်က​နေ
သူ့ကိုထိုင်​ပြီးစိုက်​ကြည့်​​နေတဲ့သတ္တ၀ါ​ကြောင့်
လူက​နေရခက်​လာတယ်​။

ခုနကအ​မော​ပြေ​စေတဲ့ ပင်​လယ်​​လေက
အခု​တော့ အသက်​ရှုရကြပ်​လာသလိုပင်​..
ဧည့်​ခန်းမှာဆက်​မ​နေနိင်​​တော့တာ​ကြောင့်
သူ့ကို​ကျောခိုင်းရင်းကိုယ့်​luggageကိုယ်​ဆွဲကာ
အ​​ပေါ်ထပ်ကေ​နမယ့်​အခန်းဆီကိုသာ
ခပ်​သွက်သွက်တတ်လာလိုက်တယ်​​​​​။

ခုတင်​​ပေါ်ဝုန်းခနဲပစ်​လှဲရင်း
မျက်​လုံး​တွေကိုတင်းတင်းပိတ်​ပြီး
အသက်​ဖွဖွရှု​နေမိတယ်
ကျစ်​.....မြင်​ပြန်​ပြီဒီအပြုံး​တွေဘဲ ....
အခုတ​လော သူဘာလုပ်​လုပ်​ဘာ​ပြော​ပြော
ခပ်​ဖွဖွပြုံးကြည့်​​နေတတ်​တဲ့ jungkook​ကြောင့်
သူ့မှာက​ရောင်​​ခြောက်​ခြား...

Behind Every Mask { COMPLETED }Where stories live. Discover now