အစွမ်းကုန်​ လုံ့လစိုက်​ထုတ်​ထားခဲ့သည်​ပဲ...

ရှေ့ဆက်​ဘာ​တွေဖြစ်​မလဲမသိနိုင်​တာမို့
ဖြစ်​သမျှ အ​ကြောင်း
အ​ကောင်းဟုသာ ​တွေးထားလိုက်​​တော့မည်​..

CCTV တစ်​ခုရဲ့ monitorကို ကြည့်​မိလိုက်​စဉ်
မြင်​လိုက်​ရပါ​သော
ရန်​သူ့တပ်​...

''ထင်​ထားတာထက်​​တောင်
အင်​အားကြီး​နေပါ့လား... အဟက်​... ''

နဖူး​ပေါ် ကျ​​နေ​သော
ဆံပင်​ကို လက်​​ချောင်း​တွေဖြင့်
သပ်​တင်​လိုက်​သည်​....

တဖြည်းဖြည်း ပိုမို ပြည့်​လျှံလာ​သော
ရန်​သူ့တပ်​ရဲ့ ပုံရိပ်​​တွေကိုကြည့်​ပြီး
ခြောက်​ကပ်​ကပ်​ ရယ်​​နေ​သော Baekhyun...

''​တွေ့ကြပြီ​ပေါ့ ​ဒေဝယက္ခ.....
ငါမ​သေမချင်း ငါ့ပလ္လင်​ကို မျက်​​စောင်းနဲ့​တောင်
ထိုးလို့မရ​စေရဘူး... !!! ''

ဒေါသထွက်​စွာဖြင့်
အော်​လိုက်​​သော Baekhyun အသံသည်
ကေသရာဇာ​ခြ​င်္သေ့တစ်​​ကောင်​၏ ဟိန်းသံကဲ့သို့ ထွက်​လာပြိး
ငရဲအထပ်​ထပ်​တွင်​ ပဲ့တင်​ထပ်​​လေသည်​.....

ထို့​နောက်​ ​​ခြေလှမ်းတို့ကို
ထိန်းချုပ်​ခန်းဆီသို့ ဦးတည်​လိုက်​​လေသည်​....

ရဲတိုက်​၏ ထိပ်​ဆုံးနီးပါးမှာရှိ​နေ​သော
ထိန်းချုပ်​ခန်းသည်
အဝီဇိတစ်​ခုလုံးရှိ
လျှပ်​စစ်​နှင့်​ပတ်​သက်​​သော လုပ်​ငန်းမှန်​သမျှကို
ထိန်းချုပ်​ထားရာ ​ဗဟိုဌာနဖြစ်​သည်​...

လမ်းတစ်​​လျှောက်​ မြင်​မြင်​သမျှ
ဝန်​ထမ်း အရာရှိ ကြီးငယ်​တို့သည်
ထုံးစံအတိုင်း ဦးညွှတ်​အ​လေးပြုကြ​သည်​.

ဝတ်​ရုံအနီရဲရဲတို့ ဟိုဒီလှုပ်​ယမ်းသွားတဲ့အထိ
အကြမ်းပတမ်းဖြင့်​ ​လှေကားထစ်​​တွေကို
နင်းတက်​သွားတဲ့Baekhyun...

ခုနကကြားလိုက်​ရ​သော
သြဇာသံကြီးနှင့်
တည်​လွန်း​နေ​သော baekhyunမျက်​နှာ​ကြောင့်​ ငရဲသားကြီးငယ်​တို့သည်​...  အသံတစ်​စက်​မှ မထွက်​ရဲဘဲ
ဖိန့်​ဖိန့်​တုန်​​အောင်​ လန့်​​နေကြသည်​.....

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမDove le storie prendono vita. Scoprilo ora