'တ ဒုတ်​ ဒုတ်​ ´ နဲ့ တုတ်​​ကောက်​နဲ့ကြမ်းခင်းပြင်​ထိ
တွေ့သံ​တွေက နားထဲမှာ ကျယ်​​လောင်​လာသည်​ ။
အခန်းနဲ့နီးကပ်​လာတဲ့တုတ်​​ကောက်​သံ​တွေကို အာရုံ
စိုက်​​နေရင်း စုတ်​တံကိုကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကိုင်​ထား
မိ​လေသည်​ ။ ဆွဲလက်​စ ပန်းချီကားချပ်​ထဲက ည
ကောင်းကင်​ပုံသဏ္ဍာန်​သည်​ သက်​ဝင်​လှုပ်​ရှားမှု
မရှိ​သေး ။ တစုံတရာလိုအပ်​​နေသ​ယောင်​​ယောင်​ပင်​။

'''ကျွီ ´´´ဆိုတဲ့တံခါးဖွင့်​သံ​နောက်​ ​ချောင်းဟန့်
သံပါကပ်​ပါလာတာမို့ ဂျွန်​အင်​အမြန်​လှည့်​ကြည့်​လိုက်
ရင်း ကပြာကယာမတ်​တပ်​ထရပ်​ကာအရို​သေ​ပေးလိုက်
သည်​ ။

" ဒယ်​ဒီ "

ပါးစပ်​ဖျားက ထွက်​လာတဲ့ စကားသံဟာ တိုးညှင်းကာ
မျက်​နှာထက်​ ညှိုးငယ်​ကျ​နေမှုသည်​ ဂျွန်​အင်​၏
သရုပ်​​ဆောင်​နိုင်​မှုတစွန်းတစပင်​ ။

" ဒယ်​ဒီ သိ​နေတယ်​​လေ ငါ့သားကငါ့​ခြေရာပဲနင်းလိမ့်
မယ်​ဆိုတာကိုပဲ​ပေါ့ ဟား ဒယ်​ဒီကြားကြားချင်းဘယ်
လောက်​ဝမ်းသာသွားရလဲ "

သူ​ဋ္ဌေးကြီး'လီ´ဟာ ရယ်​​မောကာဆိုဖာ​ပေါ်မှာထိုင်
ချလိုက်​ပြီးတုတ်​​ကောက်​ကိုအနီးနားကစားပွဲ​ဘေးမှာ
ကပ်​​ထောင်​ထားလိုက်​သည်​ ။ လက်​စွဲ​တော်
တုတ်​​ကောက်​ပါမှ လမ်း​လျှောက်​ဖို့ရာအဆင်​​ပြေလှ
တဲ့ ​ခြေတဖက်​မသန်​စွမ်းအရွယ်​ကျ​နေတဲ့အဖိုးကြီးမို့။

" ကျုပ်​ကလား ? ခင်​ဗျား​ခြေရာကိုနင်းမှာ "

ချက်​ချင်းပင်​ ​လေသံ​ပြောင်းသွားကာ 'ဟက်​´ခနဲ
တချက်​ရယ်​လိုက်​​တော့ သူ​ဋ္ဌေးကြီး'လီ´လဲအံ့သြ
သွားကာ ဂျွန်​အင်​အားစူးစူးစိုက်​စိုက်​ကြည့်​လာသည်​။

" ကုမ္ပဏီကြီးကို ဗန်းပြထားပြီး ​နောက်​ကွယ်​မှာ
မ​ကောင်းမှု​ဒုစရိုက်​အလုပ်​​တွေနဲ့ လည်​ပတ်​​နေတာ
ခင်​ဗျားမ​ကြောက်​​ပေမဲ့ ကျုပ်​က​တော့​ကြောက်​တယ်
ငွေမည်း​တွေကို​ငွေဖြူ​ပြောင်းပြီး ချမ်းသာလာတာကို
ခင်​ဗျားသ​ဘောကျ​ပေမဲ့ ကျုပ်​က​တော့ရွံ့ တယ်​ "

Come And Find Me [ Season_2 ]Where stories live. Discover now