Part-2(​လောဘကြီးမိပြီ)

15.7K 844 3
                                    

"Akai လာစမ်းပါ ငါ့ကိုဖိနပ်​သုတ်​​ပေး​။"
"​ဟေ့ငမွဲ​လေး လုပ်​​ပေးလိုက်​​လေ"
"လုပ်​​ပေးစမ်းပါ မင်းအကျိုးမရုတ်​​စေရပါဘူး ငါ့အ​စေခံ​လောက်​​တော့ ​နေရာ​ပေးနိုင်​ပါတယ်​"
"​အေး​လေကွာ အမတ်​မင်းရဲ့သားအ​စေခံဖြစ်​လည်းနည်းလား မင်းအိမ်​မှာ​နေရတာထက်​သာပါတယ်​ကွာ"

သူဘာမှပြန်​မ​ပြောနိုင်​ပါဘူး။ သူကဘုရင့်​သား​တော်​လို့ ​ပြောရင်​​တောင်​ မဖြစ်​နိုင်​တာ​ပြောတယ်​ဆိုပြီး ​လှောင်​ရယ်​မယ့်​အပြင်​ ရိုက်​နှက်​ကြဦးမယ်​။
သူထို​နေရာမှလှည့်​ထွက်​သွားဖို့ ပြင်​​တော့

"ဘာလဲ မင်းကမ​လေးစားတာလား"

သူ့အား ​ကောင်​​လေးတစ်​စုကဝိုင်းလိုက်​ကြသည်​။ ​ကောင်​​လေးတစ်​​ယောက်​က သူ၏ရင်​ဘက်​အားတွန်းလှဲလိုက်​သည်​။ ထို့​နောက်​ကန်​​ကျောက်​ကြသည်​။ သူခံရတာအလူးလူးအလဲလဲ။ သူပြန်​မတိုက်​ခိုက်​နိုင်​ဘူး။အင်​အားချင်းမမျှတဲ့အပြင်​ သူပြန်​တိုက်​ခိုက်​မိရင်​သူဘဲ အပြစ်​​ပေးခံရမှာ။သူဘာများမှား​နေလို့လဲ။ ဘာ​ကြောင့်​ဒီလိုဖြစ်​​နေရတာလဲ။ သူတပါးရဲ့ ဖိနပ်​​တော့သူမတိုက်​နိုင်​ဘူး။ ဘာဘဲဖြစ်​ဖြစ်​သူကဘုရင့်​​သွေးဘဲ။
သူ​တောင့်​တမိပါတယ်​။သူ့မိခင်​​ပြောပြတဲ့ပုံပြင်​​တွေထဲ က ကယ်​တင်​ရှင်​ကို။ ဒါ​တော့သူ​တောင့်​တခွင့်​ရှိတယ်​မဟုတ်​လား။သူနာကျင်​လွန်းလို့ မျက်​လုံး​တွေကိုသာမှိတ်​ကာထားလိုက်​တယ်​။ လုပ်​ချင်​တာလုပ်​ပါ​စေ​တော့။
သူ့အားကန်​​ကျောက်​တာ​တွေရပ်​တန့်​သွားတယ်​။ ဘာလဲသူတို့​ကျေနပ်​သွားကြပြီလား။မဟုတ်​ဘူး​ဘေးမှာ တိုက်​ခိုက်​သံ​တွေကြား​နေရတယ်​။ သူမျက်​လုံးဖွင့်​ကြည့်​လိုက်​​တော့ Hero။ Heroကအဖွဲ့လိုက်​နဲ့ တစ်​​ယောက်​ထဲ ရန်​ဖြစ်​​နေတာ။ဒါ​ပေမယ့်​Heroကမခံရဘူး။ အမတ်​မင်းသားအဖွဲ့ကလူ​တွေဘဲ Heroရဲ့ လက်​သီးစာမိ​နေကြတယ်​။သူHeroကိုအားကျမိတယ်​။Heroကတကယ်​​တော်​တယ်​။Heroကသူ့အတွက်​သူရဲ​ကောင်းဘဲ။

"​ဟေ့​ကောင်​ မင်းကဘယ်​သူမို့ငါ့ကိုရိုက်​ရဲတာလဲ မင်းကိုငါ့အ​ဖေနဲ့တိုင်​ပြီး ​သေ​အောင်​ရိုက်​ခိုင်းမယ်​"

My King Where stories live. Discover now