🍃Chapter Nine🍃

1.4K 175 38
                                    

🌸 Little Garden 🌸
🍃 Chapter Nine 🍃
Zawgyi

" ငါ့ကိုချစ်လား ထယ် ... သူငယ်ချင်းတစ်ယောက် အနေနဲ့မဟုတ်ပဲ မိန်းကလေးတစ်ယောက်အဖြစ်နဲ့ ... ... "

မျက်ဝန်းအစုံကို အသေအချာစိုက်ကြည့်ပြီး တိုးညှင်စွာမေးလာတဲ့ ဟေးရဲ့မေးခွန်းလေးဟာ နားထဲမှာ ပဲ့တင်သံတစ်ခုလို ထပ်တလဲလဲ ပြန်ကြားနေမိပြန်သည် ... ။ ဒီမေးခွန်းအတွက် အဖြေလေးဟာ ငါ့ကိုယ်ငါတောင် မသိနိုင်တဲ့ အခြေအနေဖြစ်နေလို့ပဲ ... ။ အဲ့ဒါကိုမှ တိုက်တိုက်ဆိုင်ဆိုင်မေးလာတော့ နင့်ကို ဘယ်လိုပြန်ဖြေပေးရမလဲ ငါမသိဘူး ဟေးရယ် ... ။

တပေါက်ပေါက်ကျလာသော ချွေးစက်များကို လျစ်လျူရှုပြီး လေပေါ်သို့မြောက်တက်လာသော တင်းနစ်ဘောလုံးလေးများ အပေါ်၌သာ စိတ်နှစ်၍ တစ်ခုပြီးတစ်ခုကို အားပါပါနဲ့ ရိုက်ပုတ်နေမိတော့သည် ... ။ အချိန်အားဖြင့် အတော်လေးညဥ့်နက်နေပြီမို့ လေ့ကျင့်ရေးကွင်းထဲမှာ တစ်ကိုယ်တည်း စိတ်လွတ်ကိုယ်လွတ် ထွက်ပေါက်ပေးမိနေတာလေ ... ။ အခုအချိန်မှာ ငါ့စိတ်တွေ အရမ်းရှုပ်ထွေးနေတာ သိရဲ့လားဟေး ... ?? ။ ငါ့စိတ်တွေ ရှုပ်ထွေးရခြင်းရဲ့ အဓိကတရားခံကလည်း နင်ဖြစ်နေတာပဲ ဟေးရယ် ... ။

ဟေးနဲ့အခြေအတင် စကားများပြီးနောက်ပိုင်း ဟေးဟာ ကျွန်တော့်အပေါ်မှာ စိမ်းကားသွားသလိုပါပဲ ... ။ အရင်ကဆို တတီတီနှင့် notiလေးတွေ တက်နေတတ်တဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ kakao chatroom လေးဟာ အခုတော့ဖြင့် စာသားလေးတစိုးတစိတောင် အသစ်ထပ်မတက်လာတော့ပေ ... ။ ဒါကြောင့်လည်း ကျွန်တော့်ဖုန်းပဲ မကောင်းလို့များလားဟု ကယောင်ခြောက်ခြားတွေ တွေးမိသေးသည် ... ။ အမှန်တော့ ကျွန်တော်ကိုယ်တိုင်ကလည်း စာတိုလေးတစ်ခုပို့ဖို့တောင် တွန့်တိုနေခဲ့သည်မဟုတ်လား ... ။

အလားတူပင် အေးချမ်းသော လရောင်ခြည်အောက်ဝယ် မျှော်ငေးကြည့်နေကျ တစ်ဖက်ခြံက သဘာဝဆန်ဆန်ပုံရိပ်လေးဟာ အခုတလော ပျောက်ရှလို့နေတယ်လေ ... ။ မိုးပြာရောင်ပြတင်းတံခါးလေး၏ အဖြူရောင်လိုက်ကာလေး အထက်သို့တက်သွားပါလျှင် ပေါ်လာတတ်သော သဘာဝဆန်ဆန်ပုံရိပ်ငယ်လေးကို သတိရမိသည် ... ။

Little Garden Where stories live. Discover now