Chapter 6: Love is mystery

639 79 1
                                    

စစ်အေးတိုက်ပွဲအလား မှတ်ရတဲ့ စားပွဲဝိုင်းကို ရုတ်တရက် ဖြိုခွင်းလိုက်သူမှာ Sulik..

"Kong ရေ ပြန်ကြရအောင်လေ"

"နင်စားလို့ပြီးပြီလား။ ဟိုဘက်ဝိုင်းမှာ အဆင်ကော ပြေလား"

"အင်း..ပြေပါတယ်။ ငါ့ကို ရှောင်နေတဲ့သူကြောင့် ဝမ်းနည်းမိတာက လွှဲရင်ပေါ့"

"အေးပါဟာ။ သွားမယ်လေ...ကဲ အဲ့ဒါဆို ညီလေးတို့ အကို သွားတော့မယ်နော်။ Damn ငါသွားတော့မယ်"

Damn ကို Kong က နှုတ်ဆက်အပြီးမှာ..

"Damn..သွားတော့မယ်နော်။ မနေ့က ငါ့မွေးနေ့ကို တကူးတက လာပေးတာ ကျေးဇူးတင်ပါတယ်ဟာ"

"It's ok!သူငယ်ချင်းတွေပဲဟာကို လာရမှာပေါ့"

Damn စကား အဆုံးမှာ Kong က ရုတ်တရက် မျက်နှာပျက်သွားပြီး..Sulik လက်ကို ဆွဲခေါ်ကာ ချက်ချင်းထွက်လာခဲ့တယ်။

တစ်ခါတစ်လေကျ လောကကြီးက မတားရဘူး..ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို မချစ်တာမျိုး..ကိုယ်မချစ်တဲ့သူက ကိုယ့်ကို ချစ်နေတာမျိုး..ရတာမလို လိုတာမရ ဆိုသလိုပေါ့လေ..
********

ူဒီနေ့လား..ကျွန်တော့်တို့ ကျောင်းရဲ့ fresher welcome နေ့လေ..ဒါနဲ့ ကျွန်တော် ကြွားရအုန်းမယ် ကျွန်တော် the whole Moon selection ထဲမှာ ပါတယ်ဗျ 😎

Arthit တစ်ယောက် မှန်ကို ကြည့်ပြီး ပီတိအပြုံးများဖြင့် ပြုံးနေမိတယ်..

ကျွန်တော်သာ Moon တစ်ယောက် ဖြစ်လာပြီး Uni တစ်ခါလုံး P'Damn လို နာမည်ကြီးရင်ကောင်းမယ်..ဒါမှ..ကျွန်တော့်ကို P'Kong ပိုပြီး သတိထားမိနိုင်မယ်ထင်တယ်..ကျွန်တော် P'ကို သွားသွားချောင်းကြည့်နေရတာလည်း မောလှပြီ..ကျွန်တော်ကို စိတ်ထဲမှာ မရှိတဲ့လူတစ်ယောက်ကို အဝေးက ကြည့်နေရတာကိုလည်း မောလှပြီ..ဒါပေမဲ့လည်း..ရှေ့ဆက်မှ မတိုးရဲခဲ့တာ..

"Arthit... ပွဲစတော့မယ်နော်"

"P'Damn ကျွန်တော် ရင်တွေခုန်နေပြီ"

ရင်ဘတ်ကိုဖိပြီး စိတ်ပူနေသော သူပုံစံကြောင့် ကျွန်တော် ပိုရင်ခုန်မိနေတာ သူကတော့မသိ..

Never(ဘယ်တော့မှ)Where stories live. Discover now