" အခုဘာဖြစ်နေတာလဲအစ်ကို့ကိုပြောပြမယ် ......
အစ်ကိုအရင်ဆုံးစိတ်ငြိမ်စေချင်တယ်
အစ်ကိုကအမြဲတည်ငြိမ်တတ်တာသိပေမယ့် ဒါဟာ
အစ်ကို့အတွက်ကြီးမားတဲ့ရိုက်ခတ်မှုတစ်ခုဖြစ်နိုင်တယ်"" ပြောပါ ငါ့ညီ ကိုယ့်အကြောင်းလည်းမင်းသိရဲ့နဲ့ ......
ပြောစရာရှိတာပြောပါ"ရဲရင့်ကသက်ပြင်းတစ်ချက်ချလိုက်ကာ ဘေးမှာချထားသည့်အိတ်ထဲကဖုန်းကိုယူကာတစုံတခုကိုရှာပြီး ကျွန်တော့ကိုကမ်းပေးသည်။ ကျွန်တော်ယူကြည့်လိုက်တော့ Video File တစ်ခု ...... ။
နေရာကကျောင်းဝန်းထဲတွင်ဖြစ်ပြီး ကျောင်းတွင်း Activity တစ်ခုဖြစ်သည့် အမေးအဖြေကဏ္ဍကို
ရိုက်ကူးနေခြင်း။ ထိုစဉ်မေးခွန်းဖြေနေသော ကောင်မလေးကအနောက်ကိုလှည့်ကြည့်ပြီး
ပါးစပ်ကိုလက်နှင့်အုပ်ကာအော်သည်။ထို့နောက်ခြေထောက်များသာပေါ်ပြီးပြေးနေကြပုံ။
နောက်တော့သစ်ပင်အကွယ်တွင်ရပ်လိုက်ပြီး ကင်မရာကို Zoom ဆွဲလိုက်သည့်အခါ ဟိုးအနောက်ဖက်က
မထင်မရှား ညီနှင့်ကျွန်တော်...။ရင်သည်ဒိုင်းခနဲခုန်လာပါ၏။
ကျောင်းယူနီဖောင်းကိုဝတ်ဆင်ထားသောညီက ခပ်စောင်းစောင်းအနေအထားတွင်ကျွန်တော့ကိုမော့လို့
ကြည့်နေပြီး ကျွန်တော်ကညီ့အားငုံ့ကြည့်နေခဲ့သည်။
ပူထူသွားသော ဦးနှောက်က ထိုနေ့ကအဖြစ်အပျက်တို့ကိုပြန်မြင်လာပါတော့သည်။" ညီ ဆေးသောက်ကွာ ကိုယ်တိုက်နေတာ
တော်တော်ကြာနေပြီနော်ကလေး"" ကိုကိုကလည်း ကျွန်တော်ဘာမှမဖြစ်ပါဘူးဆိုနေ"
" ဘာကိုဘာမှမဖြစ်တာလဲ ကိုယ်ပူနေပြီကွ ကလေးရာ
ရော့ပါ ကလေးကလိမ်မာပါတယ် သောက်လိုက်နော်"" ဒါဆိုလည်း အပေးအယူလုပ်မယ်လေ ...." ပြုံးစိစိညီ့
မျက်နှာပေးက ကောင်းသောအပေးအယူတော့
မဟုတ်တန်ကောင်း။" ကဲပြောပါဦး သူနေကောင်းအောင်ဆေးတိုက်ာတောင်အပေးအယူနဲ့"
" ဒီမှာ ဆေး ၃ လုံးရှိတယ် ...... တစ်လုံးသောက်ရင်
ကိုကိုကျွန်တော့ကိုတစ်ခါနမ်း"
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo
ဇာတ်လမ်း - ၄၄
Start from the beginning