ကားပေါ်တက်ပြီးအတော်ကြာသည့်အထိစကားမပြောဖြစ်သေး... သူ့ကိုကြည့်ရသည်မှာတစုံတခုကိုဒေါသထွက်နေပုံမို့ ကျွန်တော်သက်ပြင်းချပြီး စကားစဖို့ပြင်ရသည်။
" ညီ .... ဘာတွေဖြစ်နေတာလဲမသိပေမယ့် စိတ်ကိုအရင်လျှော့ထား ....... ကိုယ်တလှည့်မောင်းရမလား"
" အစ်ကိုနဲ့နေအလင်းစက်က ဘယ်လိုပတ်သတ်တာလဲ"
စတီယာရင်ကိုတင်းတင်းဆုပ်ကိုင်ရင်း ကျွန်တော့
ဘက်ကိုခေါင်းငဲ့ကာလှမ်းမေးသည့်စကား။အရမ်းကြီးစိတ်လှုပ်ရှားတာမျိုးမဟုတ်သည့်တိုင်
ရုတ်တရက်မို့ကျွန်တော်လန့်သွားခဲ့သည်ကိုတော့
ဝန်ခံပါသည်။ဘာပြန်ဖြေရမှန်းမသိချိန် ရဲရင့်ကတစ်ချက်ရယ်လိုက်သည်။
ကောင်းသောရယ်ခြင်းတော့ဟုတ်ဟန်မတူ။
" ကျွန်တော်ထင်နေခဲ့တယ် .... ဒါပေမယ့် မဟုတ်
လောက်ပါဘူးလို့အမြဲတွေးခဲ့တာ အစ်ကို့မှာလည်း
လက်ထပ်ရမယ့်မိန်းကလေးရှိနေတာ သိနေတော့လေ"ဖြန်းခနဲပူသွားသည့်မျက်နှာသည် လက်သီးကိုတင်းတင်းဆုပ်မိသွားစေသည်။
အငွေ့ပျံပျောက်ဆုံးချင်ဦးတော့ ဒါအမှန်တရားပဲလေ...
ကျွန်တော်လက်ခံရမည်။တခုခုပြန်ပြောဖို့ကြံမိစဉ်မှာပင်
" ကျွန်တော် အစ်ကို့ကိုအပြစ်တင်နေတာမဟုတ်ဘူး
အစ်ကို ....... ကန့်သတ်လို့မရတဲ့ချစ်ခြင်းမေတ္တာ
အတွက်ကျွန်တော်တို့အပြစ်တွေကျူးလွန်မိကောင်း
ကျူးလွန်မိကြမှာပဲ ဒါကိုကျွန်တော်နားလည်တယ် ...
ဘာလို့ဆို ကျွန်တော်ကိုယ်တိုင်လည်း Stright စစ်စစ်တစ်ယောက်မဟုတ်လို့ပဲ"ကျွန်တော်ရဲရင့်မျက်နှာကိုလှည့်ကြည့်မိသွားတော့
သူကရယ်ပြန်သည်။" ဟုတ်တယ်အစ်ကို ကျွန်တော်က ယောကျာ်းလေးရောမိန်းကလေးရောစိတ်ဝင်စားတဲ့သူပါ (Bisexual)"
ကျွန်တော်ဘာပြန်ပြောလို့ပြောရမည်မသိ။ ၀မ်းသာ တယ်ငါ့ညီရာလို့ပြောရမလား။ ဒါမှမဟုတ် .....
သင့်တော်သည့်စကားလုံးကိုရှာရန်မတွေ့ခဲ့ ......။
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo
ဇာတ်လမ်း - ၄၄
Start from the beginning