💛 15 💛

3.7K 355 47
                                    

အဝတ်မဲ့ရင်အုပ်ကျယ်ထဲ ခေါင်းတိုးဖွက်ရင်း
မနေ့ညကအဖြစ်အတွက်အရှက်သည်းနေတဲ့
Kyung sooလေးမှာ jong inမျက်နှာကိုလဲ
စေ့စေ့ပင်မကြည့်ရဲရှာဖြစ်လို့နေ၏။

နှစ်ယောက်သားနိုးနေတာကြာပြီဖြစ်ပေမဲ့
Kyung sooရဲ့အရှက်လွန်မှုကြောင့်
အမျိုးစုံချော့မော့နေရသည်နှင့် အိပ်ယာက
မထနိုင်ကြသေးတာဖြစ်သည်။

" baby,ထတော့လေ ကလေးရဲ့ "

" ဟင့်အင်း "

နှာဖျားလေးနဲ့ရင်ဘတ်ကိုထိကပ်ထား၍
မှုတ်ထှတ်လိုက်တဲ့အသက်ရှူ သံငွေ့ငွေ့ကြား
အသဲယားစွာကျန်ခဲ့ရသူကjong in,

ကလေးငယ်ကတော့ အခုထိကို
ခေါင်းမော့မလာသေး!

" နောက်ကျနေပြီbaby,
ထမင်းစားရအုံးမယ်လေ
ထတော့ကလေးရာ "

" ကျွန်တော် ရှက် လို့ "

ပြောရင်းမှ ရင်ခွင်ထဲနစ်မြုပ်မတတ်တိုးဝင်တဲ့
Babyကြောင့် အသဲယားစွာ ခါးသိမ်လေးကို
ဖျစ်ညစ်လိုက်မိသည်။

သိပ်ကိုအူယားရပါတယ်baby,

" paချီသွားပေးမယ် လာ "

လုံးကစ်ကစ်ကိုယ်လေးကို ကောက်ယူပွေ့ချီရင်း
ရေချိုးခန်းဆီခေါ်ခဲ့သည့်တိုင် မျက်စိစုံမှိတ်လျက်
အရှက်မပြေသေးပေ။

နားရွက်ဖျားတို့ရဲရဲနီ၍ တစ်မျိုးတစ်ဖုံ
အူယားစရာကောင်းနေတဲ့babyလေးကို
ဘယ်သူမှမမြင်နိုင်အောင် ထာဝရ
ကွယ်ဖျောက်ထားလိုက်ချင်သည်။

ခက်တယ် ပိုင်ဆိုင်ခွင့်က ကိုယ်တစ်ဦးတည်း
မူပိုင်ပါဆိုသော်လည်း လောဘရယ်က
အတောမသတ်နိုင်သေး။

အရမ်းကြီးချစ်ဖို့မကောင်းပါနဲ့baby!

ရေမိုးချိုးပြီးနောက် အဲ့ဒီ့အရှက်မပြေတဲ့
အူယားစရာကောင်သေးလေးကို
အဝတ်လဲပေး ကိုယ်လိမ်းနံ့သာလိမ်းပေးနဲ့
ခေါင်းအစခြေအဆုံး jong inဘဲ
တာဝန်ယူပေးရ၏။

အချစ်အလွန်ရဲ့နယ်နိမိတ်ထိ
နှစ်ကိုယ်တူခြေစုံပစ်ဝင်ခဲ့မိတဲ့
အကျိုးရလဒ်က babyအတွက်တော့
နာကျင်မှုတစ်ချို့ကပ်ကျန်နေခဲ့သည်မို့
ထိရုံနဲ့တင်ကြွေကျသွားမလားဆိုတဲ့
အတွေးတို့ဖြင့် ခုလောက်ထိအကဲပိုနေမိခြင်း!

Baby's Pa(Season 1)Where stories live. Discover now