💛 2 💛

4.8K 410 28
                                    

" baby,မထိမခိုက်ဘဲ ပြန်လာတာကို
မြင်ချင်တယ်နော် ကြားလား "

" ဟုတ် "

" ပြောလိုက်ရင်တော့ တဟုတ်ဟုတ်နဲ့
ပြီးရင် စကားနားထောင်တာလဲမဟုတ် "

" Paကလဲ.... "

လွယ်အိတ်ကို ကူလွယ်ပေးရင်းဖြင့်
တရစပ်မှာတမ်းခြွေနေသည့်paကိုကြည့်ပြီး
kyung sooတောင်မောလာပြီ။

Paကတော့လေ babyကို ဘယ်တော့မှ
စိတ်ချတယ်လဲမရှိ~~~

အင်း ချော်လဲတာက kyung soo
အကျင့်လိုကိုဖြစ်နေတော့လဲ...

ထပ်ပြီး မထိခိုက်စေရဘူးလို့ ကတိတွေ
ပေးထားတာတောင် ဒူးခေါင်းလေးပွန်းရုံအနာကို
မေးတငေါ့ငေါ့ဖြင့် မကျေမချမ်းဖြစ်နေပြန်ပြီ။

ကျောင်းလိုက်ပို့ခိုင်းမိတာဘဲ မှားပြီလား??

မမှားပါဘူး paနဲ့ဘဲကျောင်းသွားချင်တဲ့
သူ့စိတ်ကိုသူသာအသိဆုံးမို့...

" သွားတော့baby,ချစ်တယ်
ကိုယ့်မျက်ကွယ်မှာ ဘာမှမထိခိုက်လာစေနဲ့ "

" အင်းပါ paလဲကောင်းကောင်းသွား
Babyကွယ်ရာမှာ အတွင်းရေးမှူးမတွေနဲ့
သိပ်ကပ်မနေနဲ့ ဟွန့် "

နှုတ်ခမ်းလေးကိုစူထော်လိုက်ရင်း
ပြောလေတော့ paကသဘောတကျရယ်၏။

ဟုတ်တယ် kyung sooမမြင်ဘူးဆိုတိုင်း
အဲ့မိန်းမတွေက အတင်းပူးကပ်လာရင်
ဘယ်လိုလုပ်မလဲ?

Paကိုကယုံတယ် ဟိုမိန်းမတွေကိုဘဲမယုံတာ။
Kyung sooရဲ့paက အရိုးခံလေးကို~~
ခုထိ ရည်းစားတောင်ထားဖူးသေးတာမဟုတ်။
ဒီလိုpaကို မဟုတ်တရုတ်တွေနဲ့
ငြိစွန်းသွားမှာဆိုးတယ်...

" ဟားဟားbabyကတော့လေ
အင်းပါ babyသဘောပေါ့ "

" ဟွန့် ပြီးတာဘဲ babyသွားပြီ တာ့တာ "

" တာ့တာကလေးလေး "

လက်ပြနှုတ်ဆက်ပြီး ကျောင်းထဲ
လှုပ်စိလှုပ်စိဝင်သွားတဲ့ babyကျောပြင်လေးကို
မြင်ကွင်းထဲကပျောက်ကွယ်သွားတဲ့အထိ
ငေးကြည့်ခဲ့ပြီးမှ အလုပ်သို့သွားသည်မှာ
နေစဉ်ပြုနေကြ အလုပ်တစ်ခုလို~~~

ဖြစ်နိုင်မယ်ဆိုရင်ပေါ့ babyကို
မျက်စိအောက်က အပျောက်မခံဘဲထားချင်တာ။

Baby's Pa(Season 1)Where stories live. Discover now