🌹ဝဲဘတ်ရင်ခုန်သံ🌹3ပွင့်

2.4K 324 3
                                    

မနက်ပိုင်းhyungပြင် ထားသည့် မနက်စာကို မမေ့မလျှော စားသောက်ခဲ့သည်မှာ သူအကျင့်တစ်ခုလို့ ဆိုရမလားပဲ....

နွားနို့ပူပူ...ဟင်းးးမဟုတ်ဘူး နို့ကအပူငွေ့ နွေးနွေးလေးပဲ ကျန်တော့တာ ဖန်ခွက်ကို ဆုပ်ကိုင်လိုက် ရတဲ့လက်ချောင်းမှတစ်ဆင့်မှ ခံစားမိသည်..

အင်းးးးပေါင်မုန့်ကင်က ကျွတ်ကျွတ်ကလေး ဖြစ်နေရမည့်အစား ပျော့ပြောင်းနေသည်...

သို့ပေမဲ့ hyungလုပ်ထားတာကြောင့် စားဖြစ်အောင် တော့စားလိုက်ပါသည်..
ရေမိုးချိုးပြီးကာ အပြင်ထွက်ရန် ပြင်စဉ်နေလိုက်သည်

ဒါကတော့ ..jk၏မနက်ခင်းလေးပင်
အလုပ်နောက်ကျမှ ထသွားသလို နောက်ကျမှသာ ပြန်လာတက်သည်.......

ဗွီးး!!!ဗွီး!!!!

ဆိုင်ကယ် လီဘာခပ်ကြမ်းကြမ်း ဆွဲကာ မောင်းထွက်တော့မည့်အချိန် နားထဲကြားယောင်လာတာက

"Jkဆိုင်ကယ် ဦးထုတ်တော့ဆောင်းသွား .အုန်း တစ်ခုခုဆို ဒီဦးထုတ်လေးက မင်းကိုကာကွယ် လိမ့်မယ်"

ပြုံးလိုက်တယ် ထင်ပါတယ် ချက်ချင်းဆိုင်ကယ်ပေါ်မှ ဆင်းကာ ဦးထုတ်ယူဆောင်းလာခဲ့တော့သည်...

******************************

ညနေ၆နာရီ ရှိနေလေပြီး...အလုပ်လည်း လက်စသတ်ပြီး စာရွက်များသိမ်းဆည်းလိုက်သည်

"Taehyung shi!!

"Ahh!! Min noona!!

"တို့ကို မှတ်မိတယ်ပေါ့..

သူမရှက်ပြုံးကလေးဖြင့်ဆိုသည်

"ဟာ!ကျနော်မှတ်မိပါတယ်.ဒါနဲ့

"ဒီမှာအလုပ်ကိစ္စလေးနဲ့ ဝင်လာတာပါ သွားလိုက်ပါအုန်းမယ် ခွင့်ပြုပါအုန်း"

Taehyungကာ အပြုံးလှလှနှင့်နှုတ်ဆက်ကာ ထွက်သွားသော သူမကိုငေးကြည့်ရင်း..
စာရွက်စာတန်းများကို ကောက်သိမ်းကာ ပြန်လာခဲ့သည်...

အိမ်ကိုပြန်ရောက်တာနဲ့ မျက်စိကအရင် ခြံထဲဝှေ့ကြည့်သည် jkများပြန်ရောက်နေမလား
ဆိုင်ကယ် လေးရှိမနေတာကြောင့် jkပြန်မရောက် သည်မှာတန်းသိလိုက်သည်....

ဝဲဘတ်ရင်ခုန်သံWhere stories live. Discover now