🌹ဝဲဘတ်ရင်ခုန်သံ🌹18ပွင့်

1.7K 195 8
                                    

"Hyungဆန်ပြုတ်စားချင်လား လမ်းထိပ်မှာ အသစ်လာဖွင့်တဲ့ဆိုင်က အတော်ကောင်းတာ"

ဟုဆိုတာ ထွက်သွားတဲ့jungkookကျောပြင်အား
Taehyungတွေတွေလေး ငေးကြည့်နေလေရဲ့

မကြာလိုက် jungkook ပြန်ရောက်လာကာ
ဆန်ပြုတ်များကို ပန်ကန်တွင်ပြောင်းထည့်ပြီး
ဧည့်ခန်းတွင် ထိုင်နေသည့် Taehyungရှေ့မှ
စာပွဲတွင် ချထားပေးလိုက်သည်..

"Jungkook!!မင်းရော မစားဘူးလား"

"ကျနော်ကစားပြီးပြီ! Hyungသာ များများစား ကျနော်ခွံ့ကျွေးရမလား"

"နေနေ ငါဘာသာ ငါခပ်စားမယ်"

ဇွန်းကိုခပ်ယူကာ တကယ်ပင်ခွံ့ကျွေးတော့မည့်အလား
Jungkookကြောင့်Taehyung
အလျှင်မြန်တာုလိုက်သည်
ပြုံးရယ်ကာ ပြောလာတဲ့ သူ့စကားလေးကြောင့်
ကျနော်ပင်လိုက်ကာပြုံးမိလေသည်

အခုတလော ပြောင်ချောပြတ်ချော် ရယ်မောကာ
ကျနော့အား အမြဲတမ်းစနောက်နေတဲ့jungkook
ကြောင့်လည်း အမှန်ပင် အံ့သြနေမိလေသည်..

အခုကျနော် ဆန်ပြုတ်သောက်ပြီးလည်း ပန်ကန်တွေ
သိမ်းဆည်းပေးသည်..

Jungkookပန်ကန်ဆေးကြောနေချိန် .

တီးတောင် တီးတောင်!!!!

ဘဲတီးသံလေး ထွက်ပေါ်လာသည်

"ကျနော် သွားကြည့်လိုက်မယ်hyung"

ခုန်ဆွခုန်ဆွနဲ့ ပြေးထွက်သွားတဲ့jungkookသည်
ခြံရှေ့မှ လူနှစ်ယောက်ကို မြင်လိုက်ရချိန်မှာတော့
Jungkookအပြုံးတို့ တုန့်ကနဲ့..

"Park jimin!!

ခပ်တိုးတိုး နှုတ်ခမ်းလေး လှုပ်လိုက်ယုံသာjungkookဆိုလေသည်

"အိမ်ထဲ ပေးမဝင်တော့ဘူးလားjungkook"

Jiminအပြုံးကလေးနှင့်ဆိုသည်..ဘေးမှ မိန်းကလေးတစ်ယောက်ကတော့ jiminလက်ကို
ချိတ်ကိုင်ထားသည်..

...

"Taehyunggi!!!..

ခပ်ဆူးဆူးအော်ခေါ်သံနှင့် jiminသည် ဆိုဖာပေါ်မှ
Taehyungကို ပြေးဖတ်လိုက်တော့သည်.

"မင်းအတော်ပိန်သွားတာပဲTaehyung!"

"မင်းထင်လို့ပါ"

ဝဲဘတ်ရင်ခုန်သံWhere stories live. Discover now