ကျွန်တော် ထိတွေ့ ပွတ်သပ်ကြည့်မိနေတဲ့ ဝါကျင့်ကျင့်
စာရွက်တွေဟာ Ge လက်ဖဝါးပြင်တွေလို နွေးထွေးနေခဲ့သလိုမျိုးပဲ။
မှင်အနက်ရောင်စာလုံးတွေနဲ့ သတင်းစာဖြတ်ပိုင်းတွေ
ပြဇာတ် ကြော်ညာတွေနဲ့ သေသေသပ်သပ် ကပ်ထားတဲ့
ဆောင်းပါး မှတ်စုတွေ ကို ကျွန်တော် တစ်ရွက်ချင်း
လှန်ကြည့်နေမိတယ်။ဒါပေမယ့် ကျွန်တော် မြင်နေတာ ဒီစာမျက်နှာတွေမှ မဟုတ်ပဲ။
စာလုံးတွေကို မမြင်ရတဲ့ အတူတူ ကျွန်တော် စာအုပ်ကို
ပိတ်လိုက်သည်။ကျွန်တော် အခု Ge နဲ့ အတူနေခဲ့တဲ့
တိုက်ခန်းကလေးမှာ။ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့
အမှတ်တရတွေနဲ့ ကင်းကွာတဲ့ နေရာမျိုးမှာတော့ အဲ့ဒီစာမျက်နှာတွေကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ဘူးလို့ကျွန်တော်ထင်တာကြောင့် ကျွန်တော် ဒီကို ပြန်လာခဲ့တာ ။ကျွန်တော် ရောက်သွားခဲ့တော့ တိုက်ခန်းကလေးထဲမှာ ဘာမှမရှိတော့ပါဘူး ။ အဝတ်ဖြူတွေ လွှားထားတဲ့
ပရိဘောဂနည်းနည်းရယ် ၊ ဖုန်မှုန့်တွေရယ် .. ဪ ...
ကျွန်တော် ပြန်မြင်ယောင်လာတဲ့ ပုံရိပ်ယောင်တွေကို
ထည့်မတွက်ဘူးဆိုရင်တော့ ဒါပါပဲလေ ...။
ကျွန်တော်တို့ အခန်းတံခါးပေါ်က Ge ကပ်ထားခဲ့တဲ့ နံရံကပ်
ချိတ် ကလေးတွေတော့ အခုထိ ရှိနေတုန်းပဲ ... ။
ဒီအခန်းတံခါးကို ဖွင့်လိုက်ဖို့လဲ ကျွန်တော် သတ္တိမရှိသေးဘူး ။
ကျွန်တော်တို့ရဲ့ အသံတိတ် ရန်ပွဲတွေ ... အများအားဖြင့်တော့
ကျွန်တော် တစ်ယောက်တည်း ကြိတ်မှိတ်ကြေကွဲခဲ့ရတဲ့ ညတွေက ခြောက်လှန့်နေဦးမှာများလားလို့ သံသယတွေ ဝင်နေပြန်တယ် ။( Ge လို့ တစ်ခါမှ မခေါ်ဖြစ်ခဲ့တဲ့အတွက်လဲ ကျွန်တော် အခု
ဘယ်လောက်တောင် နောင်တရနေခဲ့သလဲ ဆိုတာကို သိရင် Ge
သရော်သလို ပြုံးနေဦးမှာပဲလား ...။)ဘာဖြစ်လို့လဲ ... ဘာဖြစ်လို့များလဲ .... ။
ကျနော့်ကို တစစီ ချိုးဖျက်ခဲ့ပြီးတာ မလုံလောက်သေးလို့လား ... ။
လူတစ်ယောက်ဆီမှာ Breaking Point လို့ ခေါ်တဲ့ အဆုံးစွန်ဆုံး နာကျင်မှတ်တွေ ရှိတယ်လို့ ကျွန်တော် စာအုပ်တစ်အုပ်မှာ
ဖတ်ဖူးတယ် ။ Ge ကတော့ ကျွန်တော့်ရဲ့ အဆုံးစွန်ဆုံး
နာကျင်မှတ်တွေရဲ့ ဟိုတစ်ဖက်ကမ်းပဲ ထင်ပါရဲ့ ...။
YOU ARE READING
အပြာရောင်ရင်ခွင်တမ်းချင်း..........
General Fictionမိုးကုပ်စက်ဝိုင်းမှ... အပြာရောင်လွင်ပြင်သို့.. ခုန်ချကြည့်ချင်ဖူးပါသလား...?