သူငယ်​ငယ်​​ထဲကလူချင်းမ​တွေ့ဖူး​ပေမယ့်
appaအမြဲ​ပြောတာ​ကြောင့်
Jeon jungkookအ​ကြောင်းကို
နားနဲ့မဆန့်​​အောင်​ကြားခဲ့ရတယ်​​ ။
တော်​တယ်​ ထက်​မြက်​တယ်​ ​နာခံတတ်​တယ်
appaလိုချင်​တဲ့ စိတ်​ကူးထဲက သားပုံစံနဲ့
Jeon Jungkookက တစ်​ထပ်​ထဲကျတယ်
သူနဲ့ဆန့်​ကျင်​ဖက်​ပုံစံမျိုး​ပေါ့။

လူချင်းဆုံ​​တော့လဲ
သူ့appa ​ပြောသလိုပုံမျိုးပင်​။
အေးတိ​အေးစက်​နဲ့ခံစားချက်​မရှိတာရယ်
Appa နဲ့ အလုပ်​​ကလွဲရင်
ကျန်​တာဘာမှဂရုမစိုက်​တတ်​ဘူး
ဆိုတာ​ရယ်ကိုတော့
နောက်​ပိုင်း သူထပ်​သိလာတာ....။

တကယ်​​တော့ သူရည်းစား
အ​မြောက်​အများထားခဲ့​ပေမယ့်
သူစိတ်​ပါခဲ့လို့မဟုတ်
အမြဲအလုပ်​များပြီးသူ့ကိုအချိန်​မ​ပေးနိုင်​တဲ့
Appaနဲ့Ommaဂရုစိုက်​မိ​အောင်​တမင်လုပ်ချင်းသာ​​​။
မိဘ​​တွေအာရုံစိုက်​မိ​အောင်
သူအမျိုးမျိုးဆိုးခဲ့​ပေမယ့်​ 
နောက်​ဆုံး
သူပြန်​ရတာက သူ့မိဘ​တွေရဲ့စိတ်​ပျက်​မှုသာ။

Appaသူ့ကိုjungkookနဲ့
လက်​ထပ်​​ပေးမယ့်​ ကိစ္စ​ပြောတုန်းက
သူအရမ်းစိတ်​ဆိုးခဲ့တယ်​။
အမျိုးမျိုးဂျစ်​တိုက်​ပြသနာလုပ်​ခဲ့​ပေမယ့်​ 
နောက်​ဆုံးကျန်းမာ​ရေးမ​ကောင်းတဲ့
Appaကိုစိတ်​ချမ်းသာ​စေချင်​တာ​ရော
နောက်​အိမ်​​ထောင်​နဲ့ စီးပွား​ရေးလုပ်​ငန်း
အသစ်​​တွေ​ကြောင့်​ ဗျာများပင်​ပန်း​နေတဲ့ Ommaကို သနားတာ​ရယ်​ကြောင့်​​ရောသာ
သူလက်​ခံခဲ့တာ။

တကယ်​​တော့သူ့မိဘ​တွေဟာ
နွေးထွေးမှုဂရုစိုက်​မှု​တွေကိုသာ
သူလိုချင်​သ​လောက်​မ​ပေးနိုင်​​ပေမယ့်
သူ့ကိုနားလည်​ပြီး
အလိုလိုက်​သည့်​​နေရာမှာ​တော့
ဘယ်​မိဘမှမှီမယ်​မထင်​...
မိဘ​​တွေအ​​ပေါ်ဘာမှအသုံးမကျတဲ့
ကိုယ့်​ကိုကိုယ်​လဲပြန်​ရှက်​မိတာလဲပါသည်​။

Jungkookကအေးစက်​စက်​နိုင်​ပြီး
လူကြီးဆန်​​ပေမယ့်
ထင်​သ​လောက်​မဆိုး...
သူ့ပိုက်​ဆံနဲ့ ရုပ်​ရည်​​ကြောင့်
သူ့ကိုသည်းသည်း​လှုပ်​ပြ​နေတဲ့
သူ့ရည်းစား​တွေထက်​​တော့
အများကြီးသာသည်​​။

Behind Every Mask { COMPLETED }Where stories live. Discover now