သူ့ရင်​ဖက်​ကို ထုရိုက်​လာတဲ့
လက်​​သေး​သေး​လေး​တွေ​ကြောင့်
သူအသိပြန်ဝင်လာပြီး
Hyungကို့​ အလန့်​တကြား
သူ့​ကြည့်​လိုက်​မိတယ်​။

မျက်​၀န်း​လေး​တွေဝိုင်းစက်​ပြီး
အသက်​ကိုခက်​ခက်​ခဲခဲရှု​နေရတဲ့
hyungပုံစံက
အရမ်းကို အံသြထိန့့်​လန့်​​နေတဲ့ အမူအရာမျိုးနဲ့...
သူ့အသိပြန်​၀င်​လာချိန်​မှာ
hyungကအခန်းပြင်​ကို ​ပြေးထွက်​သွားပြီ....။

F××k...မင်း​တော့သွားပြီJeon Jungkook....

Kim Taehyung......

တစ်​ဆက်​ဆက်​ခုန်​​နေတဲ့ရင်​ဖတ်​ကိုဖိရင်း
ခြေထောက်​​တွေ မခိုင်​​တော့တာေ​ကြာင့်
အခန်းတံခါး​ပေါက်​ကိုမှီကာ
ကြမ်းပြင်ေ​​ပ်ါဘဲသူထိုင်​​ချလိုက်​မိတယ်​။

Jungkookအခန်းက​နေဘယ်​လိုထွက်​လာပြီး
သူ့အခန်းထဲကို ဘယ်​လို​ပြန်​ရောက်​လာခဲ့သလဲ
သူမသိ​တော့...
ပူ​နွေး​နေဆဲနှုတ်​ခမ်း​လေး​တွေကို
သူဖွဖွ​​လေးထိကြည့်မိ​တော့
ခုနကအဖြစ်​အပျက်​​တွေက
ခေါင်းထဲ အစီအရီဝင်​​ရောက်​လာတယ်။
Jungkook​ဘေးမှာသူအိပ်​​ပျော်​သွားခဲ့တယ်
သူနိုးလာတော့ Jungkookကသူ့ကို
တရှိုတ်​မက်​မက်​နဲ့ကို နမ်း​နေတယ်​။

Jeon မင်းကဘာလဲကွာ....ကျစ်...
မ​​တွေးနဲ့​တော့ Kim Taehyung...
ဟိုက မင်းကိုစိတ်​၀င်​စားတာမဟုတ်​ဘူး
အ​ဖျား​ကြောင့်
က​ရောင်​ကတန်းနဲ့နမ်းမိတာဖြစ်​မှာ.......။

သာမန်​ထက်​​ချော​မောလှပတဲ့သူ့ရုပ်​ရည်​ဟာ
လူ​တွေအ​ပေါ်မှာလွမ်းမိုးမှုတစ်​ခုရှိမှန်း
သူငယ်​ငယ်​​လေးထဲကသတိထားမိခဲ့သည်။
ချောလိုက်​တာ အရုပ်​က​လေးလိုဘဲဆိုတာ
သူအမြဲကြား​နေကျစကား​တွေ...

သူ့ရုပ်​ရည်​​ကြောင့်​​ရော
သူ့မိဘအရှိန်​အ၀ါ​ကြောင့်​​ပါ
သူ့ကို အ​သေရရအရှင်​ရှင်​ရရ လိုချင်​​နေကြတဲ့
ယောင်္ကျား မိန်းမများစွာကလဲ
ရိုက်​သတ်​လို့မကုန်​​အောင်​ရှိတယ်​။
ဒါ​ပေမယ့်​ အဲ့ဒီလူ​တွေထဲ
Jeon Jungkook မပါခဲ့​...

အေးတိ​အေးစက်​နဲ့Jungkookက
သူ့ကိုစိတ်​၀င်​စားတဲ့ပုံမျိုး
တစ်​ခါမှမပြခဲ့ဖူးဘူး။
(A/N..တကယ်​​တော့Taeကသူ့ကို
သည်းသည်းလှုပ်​ပြီးအ​သေရရအရှင်​ရရ
ဖြစ်​တဲ့လူ​တွေကြား​နေလာတာဆို​တော့
jungkookအမူအယာ​တွေကို
သူမကြည့်​တတ်​တာ)

Behind Every Mask { COMPLETED }Where stories live. Discover now