Chapter 2

16.7K 1.4K 4
                                    

JEON JUNGKOOK....

သူသိတတ်​စ အရွယ်​ထဲက
မိဘမဲ့​ဂေဟာမှာ ကြီးပျင်းလာခဲ့ရတယ်​...။
မပြည့်​စုံမှုအနိုင်​ကျင့်​မှု​တွေကြားထဲ
သူ့စိတ်ထဲမှာစွဲ​နေ​အောင်​သင်​ယူခဲ့ရတာက
သူများထက်​ပိုသန်မာရမယ်
ပိုကြိုးစားရမယ်​ဆိုတာဘဲ...​။

ယောက်​ကျာင်္း​လေးသီးသန့်​ဖြစ်​တဲ့​ဂေဟာမှာ
သူပျော့ညံလို့မရဘူး မရက်​စက်​လို့မရဘူး....​​။
အနှိမ်​ခံရချင်း​​ အထင်​​မြင်ေ​သးချင်း
ရှုံချချင်း​တွေကို သူခံစားချက်မရှိသလို
အချိုးမျိုးနဲ့ ဥပက္ခာပြုခဲ့တယ်​ ။
သူများထက် အဆ​​ပေါင်းများစွာ ​သူပိုကြိုးစားခဲ့တယ်​...။
ထူးချွန်​​ကျောင်းသား
စံပြ​ကျောင်းသား Jeon Jungkook
တော်​တယ်​..ခံစားချက်​မရှိဘူး.....ရက်​စက်​တယ်..
အဲ့ဒါ​ သူ့ရဲ့နာမ၀ိ​သေသန​တွေ...။

အရွယ်​နဲ့မမျှနဲ့
လောကဓာတ်​ရဲ့ရိုက်​ချက်​​တွေကို သူခံယူခဲ့ရတယ်​။
သူ့စိတ်ထဲအမြဲ​​တွေးနေတာ တစ်ခု​ဘဲရှိသည်။
ဒီလိုဆိုးဝါးတဲ့အ​​ခြေ​အနေက လွတ်​​​​​မြောက်​ဖို့
သူကြိုးစားရမယ် ဆိုတာဘဲ​...
သူမျှော်လင့်ထားသလိုဘဲ
သူ့ကြိုးစားမှု​တွေ အရာထင်​တယ်​လို့​ပြောရမယ့်
အချိန်​​ရောက်​လာခဲ့တယ်​။

သူ့အသက်​၁၅နှစ်​မှာ
ဂေဟာရဲ့ အဓိကအလှူရှင်​ဖြစ်တဲ့Mr.Kimက
သူ့ကိုမွေးစားခဲ့တယ် ။
သူကံ​​ကောင်း​လို့​​မွေးစားခံခဲ့ရတာမဟုတ်..
အဓိက ကသူ့​​ရဲ့ကြိုးစားမှုနဲ့ ရင့်​ကျတ်​မှုကို Mr.Kimကသ​ဘောကျပြီး
မြေ​တောင်​​မြှောက်​​​​ပေးချင်​ခဲ့တာ...

Mr.Kimက အ​​မြော်​အမြင်​ကြီးပြီး
ထက်​မြတ်​တဲ့ သူတစ်​​ယောက်​ပါ...။
သူ့ဘ၀မှာ​လေးစား အားကျရတဲ့
သူ​တွေထဲကတစ်​​ယောက်​​ပေါ့
Mr.Kimကသူ့ကိုappa​ခေါ်ခိုင်း​ပေမယ့်​လဲ
သူKim Arjushiလို့သာ​ခေါ်ခဲ့တယ်​။

Kimအိမ်​မှာ​နေစဉ်​တစ်​​လျောက်​လုံး
ရုပ်​၀တ္တု လိုအပ်​ချက်​အားလုံးပြည့်​စုံခဲ့​ပေမယ့်
နွေး​ထွေးမှု​တော့မရှိခဲ့ဘူး
သူလဲ အဲ့အရာနှင့့််​ပတ်​သက်​ပြီး
ထူးထူးခြားခြား မခံစားခဲ့ရပေ...။
အလုပ်​အမြဲရှုပ်​တဲ့ Mr.Kimက
သူ့ကို​အချိန်​မ​ပေးနိုင်​ခဲ့​ပေမယ့်
သူ့လိုအပ်​ချက်​တိုင်းကို​တော့
လို​လေ​သေးမရှိ
ဖြည့်​စည်း​ပေးခဲ့တာချည်းဘဲ​လေ..။

Behind Every Mask { COMPLETED }Where stories live. Discover now